ကချင်ပြည်နယ်ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေသော ပြည်နယ်လက်ရွေးစင်လက်ဝှေ့ အသင်း၏ လေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွား‌ရောက်ကြည့်ရှုအားပေးပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေသော ပြည်နယ်လက်ရွေးစင်လက်ဝှေ့ အသင်း၏ လေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွား‌ရောက်ကြည့်ရှုအားပေးပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနရုံးဝင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်လက်ဝှေ့အသင်း၏ စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ/ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၂၄ ရက်တွင် ဆောင်ရွက် ခဲ့သည်။

          ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင်လက်ဝှေ့အားကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှလက်ရွေးစင်လက်ဝှေ့အသင်းနှင့် လက်ရည်စမ်း လေ့ကျင့်ယှဉ်ပြိုင် ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ဝှေ့ကစားသမားများ၊ နည်းပြနှင့် ဒိုင်အဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကာ အားကစားသမား များအာဟာရပြည့်ဝအောင်ကျွေးမွေးနိုင်ရေး၊ လေ့ကျင့်ချိန်များအတွင်း လိုအပ်သည့် ကူညီထောက် ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး နှင့် ပြည်နယ်အတွင်းရှိ  ကချင်၊ ရှမ်း၊ ဗမာတိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုကော်မတီ/အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသား များသည် မိမိတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်း ၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တိုးတက်မြင့်မားအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များ၊ စာပေ၊ အနု ပညာထွန်းကားရေးကို တတ်နိုင်သမျှ ပံ့ပိုးကူညီထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိသည့် အတွက် ယနေ့တွေ့ဆုံပွဲတွင်လိုအပ်သည်များကိုပွင့်လင်းရင်းနှီးစွာတင်ပြစေလိုကြောင်းတိုက်တွန်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကချင်တိုင်းရင်းသား (၆)မျိုး၊ ရှမ်းတိုင်းရင်းသား (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့မှ ကော်မတီ/အဖွဲ့အစည်း (၁၃)ခုမှ တာဝန်ရှိသူများက အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရေးကိစ္စရပ်များ၊ တိုင်းရင်းသားတို့ ၏ ဓလေ့ထုံးစံစရိုက်လက္ခဏာများကို သုသေသနပြုစုထိန်းသိမ်းရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ် ကျေးမှုရုံးမြေနေရာရရှိရေး၊ ရရှိပြီးမြေနေရာများအတွက် ဂရန်အမည်ပေါက်ရရှိရေး၊ ကော်မတီ၊ အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွင် လုပ်ကိုင်နေကြသည့် စေတနာ့ဝန်ထမ်း များအား သင်တန်းဖွင့်လှစ်ပို့ချပေးနိုင်ရေး၊ အသင်းအဖွဲ့များ၏ ရန်ပုံငွေရရှိရေး လှူဒါန်းပံ့ပိုးပေးရေး ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားစာပေ နှင့်ရိုးရာယဉ်ကျေးမှုကော်မတီ/အဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီ/အသင်းအဖွဲ့များ၏ လိုအပ်ချက်များ နှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။