ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားလေဆိပ်ရှေ့ သန့်ရှင်းသာယာလှပရေး ပန်းခြံငယ် ဆောင်ရွက်နေမှုနှင့် ပြည်သူ့ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်အတွက် ရောင်စုံဆလိုက်မီးများ အလှဆင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားလေဆိပ်ရှေ့ သန့်ရှင်းသာယာလှပရေး ပန်းခြံငယ် ဆောင်ရွက်နေမှုနှင့် ပြည်သူ့ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်အတွက် ရောင်စုံဆလိုက်မီးများ အလှဆင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆပ်ရှေ့ သန့်ရှင်းသာယာလှပသည့်နေရာတစ်ခုဖြစ်စေရေး ပန်းခြံငယ်အလှဆင် ခြင်းလုပ်ငန်းနှင့် ပြည်သူ့ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်ကာလအတွက် ရောင်စုံဆလိုက်မီးများ ဖြင့် အလှဆင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆပ်ရှေ့ ပန်းခြံငယ်ဖြစ်ပေါ်လာရေး မြေယာရှုခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးနေမှု၊ အလှမီးတိုင်များ၊ ကားပါကင်နှင့်အုတ်ရေမြောင်း၊ရေမြောင်းဖုံးများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနား လေဆိပ်သည် ပြည်နယ်၏ တံခါးတစ်ချပ်သဖွယ်ဖြစ်သည့်အတွက် ပြည်နယ်သို့ လာရောက်သူ အားလုံး၏ မြင်ကွင်းတွင် သန့်ရှင်းသာယာလှသည့် နေရာတစ်ခုအဖြစ် ဖော်ဆောင်သွားရမည်ဖြစ် ကြောင်း မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်၌ ခရစ်စမတ် ပွဲတော်ကာလအတွင်း အများပြည်သူအပန်းဖြေနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင် ရွက်လျက်ရှိသည့် ရောင်စုံဆလိုက်မီးများဖြင့် အလှဆင်ယင်ထားရှိမှု၊ ခရစ်စမတ်သစ်ပင်စိုက်ထူ ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကိုဗစ်စည်းကမ်းနှင့်အညီ Mask တပ်ဆင်ဝင်ခွင့် ပြုခြင်း၊ လက်ဆေးခြင်းတို့အပြင် ပြည်သူများ လုံခြုံမှုရှိစွာ ပျော်ရွှင်နိုင်ရေး စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။