ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့မဈေး(မနက်ဈေး )၌ Mask Campaign ပြုလုပ်အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံထိုးနှံပေးနိုင်ရေး ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းဆောင်ရွက်

 ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မြို့မဈေး(မနက်ဈေး )၌ Mask Campaign ပြုလုပ်အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံထိုးနှံပေးနိုင်ရေး ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းဆောင်ရွက်

ပူတာအို         ဒီဇင်ဘာ ၈

          ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးနှင့် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ပူတာအိုခရိုင်အတွင်း Mask Campaign ပြုလုပ်၍ အသိပညာ ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ဒီဇင်ဘာ ၈ ရက်တွင် ဆောင်ရွက် ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် ပူတာအို၊ မချမ်းဘောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဒီဇင်ဘာ(၈)ရက် နံနက်(၇)နာရီခွဲတွင် ပူတာအိုမြို့ မြို့မဈေး (မနက်ဈေး)တွင် ဈေးရောင်း/ဈေး၀ယ်ပြည်သူများအား Mask အခု(၃၀၀၀)ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေး ရောင်း/ဈေး၀ယ်ပြည်သူများအနေဖြင့် Mask များ စနစ်တကျတပ်ဆင်ပြီး ရောင်း/ဝယ်မှုပြုလုပ် ကြရေးနှင့် Mask တပ်ဆင်ခြင်းဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ရေး အသိပညာပေးပြောကြားခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် မချမ်းဘော့မြို့နယ်  နမ်ခမ်ကျေးရွာ

(အမ်ဘူဒမ်း) အခြေခံပညာမူလတန်းကျောင်းနှင့် ပူတာအိုမြို့နယ်၊ ဂျူဗလီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးဝန်ထမ်းများက RDT Test kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့ဖြစ် ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ရန်အတွက် ပြည်သူအချင်းချင်း အသိပေးနိူးဆော်ပေးနိုင်ရေး တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပြီး Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ (၆)ရက် ညနေပိုင်းက ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းဆန်းထွန်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းကို ဦးတည်အုပ်စုအလိုက် လွှမ်းခြုံထိုးနှံပေးနိုင်ရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။