ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ ပြုလုပ်ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် ဆုရအသင်းများအား တက်ရောက်ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ ပြုလုပ်ကျင်းပသည့်  အားကစားပြိုင်ပွဲများတွင် ဆုရအသင်းများအား တက်ရောက်ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၉

          ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဇူလိုင် ၁၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီခွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများက ဗိုလ်လုပွဲစဉ်အဖြစ် Civil အသင်းနှင့် EP အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ ကြရာ Civil အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက အမှာ စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကျောင်း တာဝန်ရှိသူများက အားကစားပြိုင်ပွဲများ ဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီခဲ့ကြသည့် အလှူရှင်များ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် အကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် ဒုတိယဆုရ ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/ အမျိုး သမီးအသင်းအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့အတွက် တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဒိုင်းဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။