ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ရွှေတံဆိပ်ဆုရ အားကစားသမားများနှင့် ငွေနှင့် ကြေးဆိပ်ဆုရ ပြည်နယ်လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ရွှေတံဆိပ်ဆုရ အားကစားသမားများနှင့် ငွေနှင့် ကြေးဆိပ်ဆုရ ပြည်နယ်လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁၉

          ၂၀၂၂ ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသား နှစ်ယောက်တွဲ အသင်းလိုက် ရွှေတံဆိပ်ဆုရ အားကစားသမားများနှင့် လက်ဝှေ့ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ကြသော ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို  ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ယနေ့ အောင်ပွဲရရှိခဲ့သည့် အားကစား သမားများကို ဂုဏ်ပြုပေးခြင်းသည်လည်း (၄)ကြိမ်မြောက် ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့ကချင် ပြည်နယ်၏ အားကစားကဏ္ဍသည် အနာဂတ်ကောင်းများစွာ ရရှိနေပြီဖြစ်ပါကြောင်း၊ နောင်နှစ်များ တွင်လည်း ယခုကဲ့သို့ အောင်မြင်မှုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုမြင့်မား သည့် အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့ ပြည်နယ်၏ဂုဏ်ကို အားကစားနည်းဖြင့် မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြသူများကို အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ဂုဏ်ပြုပြောကြားသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် ကချင်ပြည်နယ်အသင်းမှ နည်းပြတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများနှင့်အတူ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

          ထို့နောက် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား နှစ်ယောက်တွဲ ရွှေတံဆိပ်ဆုရ ပြည်နယ် လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုငွေကျပ် ၄၂ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးက ရွှေတံဆိပ်ဆုရရှိခဲ့သော  ပိုက်ကျော်ခြင်းအသင်းအတွက် ဂုဏ်ပြုငွေကျပ် ၁၀ သိန်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော ပြည်နယ် လက်ဝှေ့အသင်းမှ အားကစားသမားအား ဂုဏ်ပြုဆုငွေကျပ် ၂ သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ငွေတံဆိပ်(၁)ခုနှင့် ကြေး တံဆိပ်(၃)ခုရ ပြည်နယ်လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားအသင်းအတွက်် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၁)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး  ဂုဏ်ပြုညစာကို အတူ တကွ သုံးဆောင်ခဲ့ကြသည်။