ကချင်ပြည်နယ်သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ စိမ်းလန်းစိုပြေရေး အတွက်သစ်ပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ပျိုးဥယျာဉ်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာရေးရာဝန်ကြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ စိမ်းလန်းစိုပြေရေး အတွက်သစ်ပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ပျိုးဥယျာဉ်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၇

          ကချင်ပြည်နယ်သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ စိမ်း လန်းစိုပြေလာစေရေးအတွက် အရိပ်ရသစ်ပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနပိုင် ပျိုးဥယျာဉ်များ တည်ထောင်စိုက်ပျိုးထားရှိမှုကို မတ် ၁၇ ရက် ညနေ ၃ နာရီတွင် လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလော ကျေးရွာ ပြည်နယ်သစ်တောဦးစီးဌာနပိုင် မြို့မပျိုးဥယျာဉ်အတွင်း ကချင်ပြည်နယ်တစ်ဝှမ်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မြို့တွင်း လမ်းဘေး ဝဲ/ ယာများတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရေး  လူထုဖြန့်ပျိုးပင်များ၊ ကျေးရွာထင်းသုံးစိုက်ခင်းနှင့် သီးနှံသစ်တောရောနှောစိုက်ခင်းများအတွက် ပျိုးထောင်ထားသည့် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မယ်ဇလီအပါအဝင် သစ်ပင်ကြီးမျိုး ၁၇၃၀၄ ပင် စိုက်ပျိုးထားရှိမှု အခြေအနေများကို ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          အလားတူ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်စိုက်ပျိုးထား သည့် ပျိုးပင်၄၈၄၃၄ ပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဖြန့်ဝေသွားစိုက်ပျိုးသွားမည့် အစီအစဉ်များ၊ ကျေးရွာထင်းသုံးစိုက်ခင်းများနှင့် သီးနှံရောနှောစိုက်ခင်းများအတွက် တောင်သူများထံ ဖြန့်ဖြူး သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးက ပျိုးပင်များ စီမံချက်ပါအတိုင်း အပြည့် အဝ စိုက်ပျိုးသွားနိုင်ရေးနှင့် လိုအပ်သည်များကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။