ကချင်ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးနှင့် အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးနှင့် အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၄

          ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့် လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစားအောင်မြင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ အရည် အသွေးနှင့် ဂုဏ်သိက္ခာကို ဖော်ပြနေဖြင်းဖြစ်၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ကာ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်သွားရေး၊ ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ဆပ် ကော်မတီများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားရေးနှင့် အား ကစားသမားများစနစ်တကျမွေးထုတ်နိုင်ရေး အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု များနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ကချင်) ဖွင့်လှစ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ က ကျောင်းမြေနေရာရရှိရေး စီမံဆောင်ရွက်နေမှုအပိုင်းနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြ ကြသည်။

          တင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအလိုက် ဆုရရှိနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်အပိုင်းများနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်နေ မှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်က စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ပြည်နယ်အား ကစားကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ လက်ဝှေ့ပြိင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအားကစားပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေ အနေတို့ကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပြများနှင့် အားကစားသမားများအတွက် အားကစားဝတ်စုံ များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။