ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပူတာအိုဒေသရှိ ဘာသာရေး ကျောင်းများနှင့် အိမ်ထောင်စု (၂၃၁)စုတို့အတွက် ဆန်နှင့် စားနပ်ရိက္ခာများလှူဒါန်း

 ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပူတာအိုဒေသရှိ ဘာသာရေး ကျောင်းများနှင့် အိမ်ထောင်စု (၂၃၁)စုတို့အတွက် ဆန်နှင့် စားနပ်ရိက္ခာများလှူဒါန်း

မြစ်ကြီးနား     စက်တင်ဘာ ၁၄

          ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း ပူတာအိုခရိုင်အတွင်းရှိ ဘာသာ ရေးကျောင်းများနှင့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ဆန်နှင့် စားနပ်ရိက္ခာများ လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်း ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအတွင်း ဘာသာ ရေးအဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာပြည်သူများ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ကူညီထောက်ပံ့မှုများကို တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက တပ်မတော်မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်နေမှုအခြေ အနေများနှင့် ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသရှိ ဘာသာရေးကျောင်းများနှင့် ဒေသခံ အိမ်ထောင်စု (၂၃၁)စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ် ၁၀၀ နှင့် တိုင်းမှူးက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန် ၁၃၉ အိတ်၊ ဆီ ၂၉၁ ပိဿာ၊ ပဲ ၃၅၂ ပိဿာ၊ ဆား ၂၉၁ ပိဿာ၊ ကြက်သွန်နီ ၂၃၁ ပိဿာတို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၇၈၉၇၇၇၀ ကျပ်တန်ဖိုးအား ပေးအပ်လှူဒါန်းရာ ပူတာအိုဒေသမှ ဘာသာရေးခေါင်းဆောင်များက လက်ခံရယူ ခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။