ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်သွားရေး ညှိနှိုင်းဆွေးနွေး

 ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်သွားရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၂၈

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများအထိကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ ရေးကော်တီဥက္ကဋ္ဌနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များက ဇွန် ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် မေလနောက်ဆုံးပတ်မှ စတင်၍ ကချင်ပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ ပိုးတွေ့ရှိသူ ‌စုစုပေါင်း  ၁၁၆၇    ဦးရှိပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်၊ကြေညာ ချက်များကို ပြည်သူများအလေးထား လိုက်နာဆောင်ရွက်ကြရေးကို စည်းရုံးလှုံဆော်သွားရန်လို ကြောင်း၊ လူစည်ကားရာ ဈေးများ၊ စားသောက်ဆိုင်များနှင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်ရသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များနှင့် အစည်းအဝေးများကို အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရေး၊အသွားအလာကန့်သတ်ထိန်းချုပ်ရေးစင်တာများကိုကြိုတင်ပြင်ဆင် ထားကြရေးနှင့် လိုအပ်သည့် ကုသရေးသုံး အထောက်အကူပြုပစ္စည်းများ ပြည့်စုံလုံလောက်စွာ စုဆောင်းထားရှိရေးနှင့် အထူးသဖြင့် ပြည်နယ်အတွင်း ကြပ်မတ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ် သည့် ညွှန်ကြားချက်များထုတ်ပြန်၍ အလေးထားလိုက်နာရေးကို ကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်း အောင်နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးတို့က မြန်မာ နိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ကော်မတီအနေ ဖြင့် ဗဟိုကော်မတီ ထုတ်ပြန်သည့် ညွှန်ကြားချက်များအတိုင်း ပြည်နယ်အတွင်း ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများ၊ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ ရရှိရေးနှင့် ဌာနဆိုင်ရာများအတွင်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလုပ်ဆောင်ရမည့် အချက်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။

           ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာဆပ်ကော်မတီအတွင်း ရေးမှူးက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ နယ်စပ်ဂိတ်များအပါအဝင် ပြည်နယ်ဝင်/ထွက်ဂိတ်များတွင် စိစစ်ဆောင်ရွက်နေမှုအခြေအနေများ၊ သံသယလူနာများ ရှာဖွေ စောင့်ကြည့် သတင်းရယူမှု အခြေအနေများ၊ အသိပညာပေးခြင်းလုပ်ငန်းနှင့် Mask Compaign များပြုလုပ်သွားမည့်အစီအစဉ်များ၊ Community Based Facility Quarantine များပြင်ဆင်ထား ရှိမှုများ၊ ဘဏ္ဍာငွေရှာဖွေရရှိမှုအခြေအနေများကို တင်ပြကြသည်။

          ဆက်လက်၍ မြစ်ကြီးနားခရိုင်၊ မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေး နှင့် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များက မြို့နယ်များအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေ အနေနှင့် Quarantine စင်တာများစီစဉ်ဆောင်ရွက်ထားရှိမှု၊ မြို့အဝင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက သုံးသပ်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကာကွယ်ထိန်းချုပ်ရေးအတွက် အလေးထားလိုက်နာဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လူမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရေး၊ လိုအပ်ချက်များအပေါ် ပြည်နယ်ကော်မတီဝင်များနှင့် ဆပ်ကော် မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။