ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မြို့တွင်းလမ်းဘေးဝဲ/ယာများတွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မြို့တွင်းလမ်းဘေးဝဲ/ယာများတွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးပေး

မြစ်ကြီးနား     ဇွန် ၂၇

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး ၍ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဆိမ်ဆာ့လမ်း၊ စက်မှုရပ်ကွက် ဗလမင်းထင်ချဉ်းကပ်လမ်းနှင့် ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် အရိပ် ရသစ်ပင်များကို ဇွန် ၂၇ ရက် နံနက် ၈ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် အရိပ်ရအပင် များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်တို့ အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့အပ်ကြသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စီတာပူရပ်ကွက်၊ ဆိမ်ဆာ့လမ်းရှိ ကုန်တင်ကုန်ချကွင်း အနီးလမ်းဘေးဝဲ/ယာတို့တွင် အရိပ်ရပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုရပ်ကွက်၊ ဗလမင်း ထင်ချဉ်းကပ်လမ်းနှင့် အေးမြသာယာရပ်ကွက်၊ ရွှေလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ချယ်ရီ၊ ခရေ၊ ပုန်းညှက်၊ အာဖရိကန်ကျူးလစ်၊ စက္ကူပန်း၊ ပိတောက်၊ ငုဝါ၊ မန်ဂျန်ရှား၊ ပန်းအိ၊ စိန်တံခြူ၊ အာဆီယံသပြေပင် စသည့် အရိပ်အပင်များ စိုက်ပျိုးနေမှု ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း မြို့တွင်း လမ်းဘေးဝဲ/ယာများနှင့် မြေယာရှုခင်းများတွင် မိုးရာသီအရိပ်ရသစ်ပင်စုစုပေါင်း ၃၀၀၀၀ ကို စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။