နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း အထင်ကရနေရာများအား သွားရောက်လေ့လာ၊ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက်အောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း အထင်ကရနေရာများအား သွားရောက်လေ့လာ၊ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက်အောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၁

          ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ ဂုဏ်ပြုတက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အထင်ကရနေရာများ သွားရောက်လေ့လာခဲ့ကြပြီး ကချင်အနုပညာရှင်အသင်းချုပ် ဗဟို ကော်မတီရုံး၌ ကချင်တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်း တိုးတက်အောင်မြင်လာစေရေး ဆောင် ရွက်ခဲ့ကြသည်။

          ‌ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဝိုင်းမော်မြို့ နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်ရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ သွားရောက်ခဲ့ကြသည်။

          ရဟန္တာတစ်‌ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို ခဲ့ကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခဲ့ကြကာ စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော် ခဲ့ကြကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး စေတီတော်ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကရိန်နော် အပန်းဖြေရိပ်သာသို့ သွားရောက်ပြီး အပန်းဖြေရိပ်သာအတွင်း အပန်းဖြေရိပ်သာထူထောင်ခဲ့သူ ဒူဝါ ကရိန်နော် (ပါလီမန်အမတ်၊ ကချင်လူမျိုးစုလွှတ်တော်)၏ ပုံရိပ်များပြဘုတ်နှင့် အပန်းဖြေရိပ်သာ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တက္ကသိုလ်သန့်ရှင်းသာယာလှပမှုနှင့် မိန်းလမ်းမ ကြီးတစ်လျှောက် လမ်းလယ်ကျွန်းများတွင် ပန်းပင်များစိုက်ပျိုးထားရှိမှုကို ဘွဲ့နှင်းသဘင်ခန်းမတို့ အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/ ကျောင်းသူများ ဘောလီဘော၊ ဖူဆယ်ဘောလုံးအားကစား နည်းများလေ့ကျင့်ကစားနိုင်ရေး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ကူညီဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြ သည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းသို့ သွားရောက်ပြီး မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူ များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်တွေ့ဆုံပြီး မနောအိမ်တော်ရှေ့နှင့် မနောကွင်းအတွင်း အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထို့နောက် အဆိုပါ မနောကွင်းအတွင်းရှိ ကချင်အနုပညာရှင်များအသင်းချုပ် ဗဟိုကော်မတီရုံး သို့ သွားရောက်ပြီး ကချင်အနုပညာရှင်များအသင်း ဥက္ကဋ္ဌ ဒါရိုက်တာJZ ဒေါင်လွမ်း၊ အသင်းရုံးတာဝန် ရှိသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အလှအပများ၊ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများနှင့် ပြည်နယ်၏ ဂုဏ်ကိုဖော်ကျူးသည့် ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေး၊ မျိုးဆက်သစ်တိုင်းရင်းသား အနုပညာရှင်များ မွေးထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကာ အသင်းအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မွန်းလွှဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် တပ်မတော်အထူးလေယာဉ်ဖြင့် နန်ပေါင်လေဆိပ်မှ ပြန်လည် ထွက်ခွာရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လိုက်ပါနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။