နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက်‌ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက်‌ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု

မြစ်ကြီးနား     ဇန်နဝါရီ ၁၀

           (၇၅)နှစ် မြောက်စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

          ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက် ခဲ့ကြသည်။

          ရှေးဦးစွာ ဂုဏ်ပြုညစာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်က (၇၅)နှစ် မြောက်စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုချီးမြှင့်ပေးပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ ထို့အပြင် စိန်ရတုကချင်ပြည်နယ်နေ့ကို အောင်မြင်ခမ်းနားစွာကျင်းပပြုလုပ်နိုင်ရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယနေ့ ကျရောက်သည့် စိန်ရတုပြည်နယ်နေ့မှသည် မိမိတို့၏ စည်းလုံးညီညွတ်မှုကို ပြသပြီး နိုင်ငံတော်နှင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ဂုဏ်ပြု ပြောကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ က ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ကြရာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။