(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆင့်မြင့်နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်လှစ်

 (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆင့်မြင့်နိုင်လွန် ကတ္တရာလမ်းသစ်ဖွင့်လှစ်

မြစ်ကြီးနား     ဇန်နဝါရီ  ၃

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွှေဘို-မြစ်ကြီးနားလမ်း အရှည် ၃.၁ ကီလို မီတာ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ပမ္ပတီရပ် ကွက်ရှိ အဆိုပါ လမ်းသစ်၌ ကျင်းပပြုလုပ်သည်။

          အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ KBS Family Co.,Ltd မှ တာဝန်ရှိသူက ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရွှေဘို – မြစ်ကြီးနားလမ်း (အရှည် ၃.၁ ကီလိုမီတာရှိ) အဆင့်မြင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

          ထို့နောက် လမ်းသစ်ကိုပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခမ်းဘူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ လမ်းသစ်ဆောင် ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ မနောဧရာလေ့ကျင့်ရေးရေကူးကန်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၁၂)နှစ်အောက်နှင့် အသက်(၁၂)နှစ်အထက် ရေကူး ပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုကို  ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးများအား ပြည်နယ် ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

          အလားတူ ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများက ပြည်သူ့အားကစားကွင်းအတွင်း (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်လျက်ရှိသည့် အသက် (၄၀)နှစ်နှင့် အထက်အမျိုးသားဘောလုံး ပြိုင်ပွဲ စတင်ကျင်းပနေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။