ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်း တည်ဆောက်နေမှုအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်း တည်ဆောက်နေမှုအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၃

ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ အုပ်စု လွယ်ခေါကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကပိုင် တိရိစ္ဆာန်ဥယျာဥ်နှင့် အပန်း ဖြေစခန်း (Victory Garden) တည်ဆောက်နေမှုကို ပြည်နယ်သယံဇာတရေးဝန်ကြီးက ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဇန်နဝါရီ  ၃  ရက် နံနက် ၈ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြား ရေးမှူး ဒေါက်တာသန်းအေးနှင့် တာဝန်ရှိသူများက တိရစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်းအတွင်း

တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တိရိစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသသွားမည့် တိရစ္ဆာန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အပန်းဖြေဥယျာဥ်အတွင်း တည် ဆောက်ထားသည့် ရေကူးကန်များ၊ နားနေဆောင်များနှင့် စားသောက်ဆိုင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

အဆိုပါ တိရစ္ဆာန်ဥယျာဥ်နှင့် အပန်းဖြေစခန်းကို ၉ ဧကခန့် ကျယ်ဝန်းပြီး ငွေကျပ် သိန်း ၁၅၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့်  ဉယျာဉ်ကို  ဖေဖော်ဝါရီ လအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားလျက်ရှိပြီး ပြည်နယ်၏ ပထမဆုံး တိရိစ္ဆာန်ဥယျာဉ်ဖြစ်ကာ ဒေသခံများနှင့် ခရီးသွားဧည့်သည်များ ဝင်ကြေးအဖြစ် ကလေး ၃၀၀၀ ကျပ်၊ လူကြီး ၄၀၀၀ ကျပ် ဖြင့် စိတ်ကြိုက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း  အဆိုပါ Victory garden တာဝန်ခံ ဒေါ်အားလုံထံမှ သိရှိရသည်။