ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများအတွက် အခြေခံစက်ချုပ်သင်တန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဇွန် ၂၁

          ကချင်ပြည်နယ်၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီဌာနနှင့် အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ် နေရေး အဆင်ပြေလာစေရန်နှင့်ကိုယ်ပိုင်တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားရေးရာဝန်ကြီး ဌာနအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် တို့ပါဝင်သော လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရန် ဦးတည်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာဘာသာရပ်များ တန်ဖိုးထားပြီး ကြိုးစားသင်ယူကြရန်နှင့် သင်တန်းပြီးမြောက်သည် နှင့် အကျိုးကျေးဇူးကောင်းများစွာ ရရှိမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာန၏ လုပ်ငန်းများ၊ ယနေ့ ဖွင့်လှစ်သင်ကြားမည့် သင်တန်း အခြေအနေများကို ရှင်းလင်းတင်ပြပြီး အခြေခံစက်ချုပ်သင်တန်း တက်ရောက်ကြမည့် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် သင်တန်းသူ (၂၀)ဦးတို့ကတစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်း ရက်ကန်းသင်တန်း (၆)လတက်ရောက်ပြီး စာမေးပွဲ ဖြေဆိုနေသည့် သင်တန်းသူများ၊ သဘာဝဆိုးဆေးသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူ များနှင့် (၁)လကြာ အခြေခံစက်ချုပ်သင်တန်းတက်ရောက်သင်ကြားနေသည့် သင်တန်းသူများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ မြစ်ကြီးနား ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ဒေသခံ တိုင်းရင်းသူများအတွက် ဘဏ္ဍာနှစ်အလိုက် သက်မွေးပညာများ သင်ကြားပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လက်ရက်ကန်းနှင့် ဖဲနှုတ်ကောက်သင်တန်း (၃)ကြိမ်၊ အခြေခံစက်ချုပ်သင်တန်း (၄)ကြိမ်၊ သဘာဝဆိုးဆေးသင်တန်း (၃)ကြိမ်နှင့် လက်ရက်ကန်း (၆)လသင်တန်း (၂)ကြိမ်၊ အထည် အလိပ်ကျွမ်းကျင် (၁)နှစ်သင်တန်း (၁)ကြိမ်ဖြင့် စုစုပေါင်း သင်တန်း (၁၂)ကြိမ်တွင် သင်တန်းသူဦးရေ ၂၆၀ ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထို့နောက် မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကုန်တွင် ကိုဗစ် ကာကွယ်ဆေး (CovidShield) ကို အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (Booster Dose) ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို ကာကွယ်ဆေးသက်တမ်းမကုန်ဆုံးမီကာလအတွင်း ဦးတည်အုပ်စုအလိုက် အကျုံးဝင် သူများကို ကာကွယ်ဆေး အသုံးပြုထိုးနှံပေးသွားရန်နှင့် ပြည်နယ်ကော်မတီနှင့် ခရိုင်/မြို့နယ် ကော်မတီများအနေဖြင့် အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးဌာန အနေဖြင့်လည်း သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် ကာကွယ်ဆေးဖြန့်ခွဲပေးပို့သွားနိုင်ရေး စီမံ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရန် အကျုံးဝင်သူအားလုံး ရာနှုန်းပြည့် ပြီးစီး အောင်မြင်အောင် ထိုးနှံပေးနိုင်ရေး တပ်မတော်၊ အသင်းအဖွဲ့အသီးသီးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန်လိုကောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့များအတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ နှင့် တပ်မတော်မှ လုံခြုံရေးရယူ ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြည်နယ် အတွင်း ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးမှုအခြေ အနေများ၊ ကာကွယ်ဆေးလက်ကျန်ထားရှိမှုနှင့် ခရိုင်/ မြို့နယ်များအလိုက် ဖြန့်ဝေထားရှိမှုများနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင့်နိုင်က ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်မှုနှင့် မြေပြင်တွင် ဆေးထိုးလုပ်ငန်းဆောင်ရွက်ပေးနေမှု၊ ကာကွယ်ဆေးဖြန့်ဝေ ဆောင်ရွက်ထားရှိသည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး အကြိမ်ရေအလိုက် ထိုးနှံပြီးစီးမှုအခြေ အနေများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ထိုးနှံပေးသွားမည့် အစီအမံများကို အသီးသီး ရှင်း လင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံထိုးနှံပြီးစီးရေး လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။