ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊  ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဗန်းမော်        သြဂုတ် ၁၃

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်   သြဂုတ် ၁၃ ရက်နေ့ တွင် ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ခရိုင်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအသုံးပြုရန် အထောက်အကူပြုပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချူပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ နံနက် ၇ နာရီခွဲတွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် ကုက္ကိုလ်တောဈေး၌ ဈေးရောင်း၊ ဈေး ဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေး အပ်ခဲ့ကြပြီး နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း အသိပညာပေးခဲ့ကြ သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့စုပေါင်းရုံး၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ (၈)ဖွဲ့၊ ဘာသာ‌ရေးအဖွဲ့ အစည်း(၄)ခုနှင့်စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့(၅)ဖွဲ့တို့မှ စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံ ပွဲသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ကိုဗစ်-၁၉ ရောဂါကို အလျင် မြန်ဆုံးနှင့် အသက်သာဆုံး ထိန်းချုပ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြား သည်။

          ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကြပြီး ခရိုင်ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်က ခရိုင်အတွင်းကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အောက်စီဂျင်လိုအပ်ချက်နှင့် အောက်စီဂျင်စက်ရုံ တည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်သူနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ဆန်အိတ် ၃၀၀ အိတ်စီဖြင့် ဆန်အိတ်ပေါင်း ၆၀၀ နှင့် ဗန်းမော်မြို့နယ်အတွက် ကိုဗစ်-၁၉ ခွဲစိတ်ခန်းသုံးနှင့် N95  နှာခေါင်းစည်း Mask ၁၁၀၀၀ ခု၊ PPE ဝတ်စုံ ၄၀၀ စုံ၊ လက်အိတ် ၅၀၀ ၊ ပိုးသတ်ဆေးပုံး ၁၀ ပုံး၊ လက်ဆေးဆပ်ပြာရည် ၁၅၀ ၊ ဆပ်ပြာခဲ ၅၀၀ တို့နှင့် ရွှေကူမြို့နယ်အတွက်  Mask ၁၆၅၀၀ ခု၊ PPE ဝတ်စုံ ၅၀၀ စုံ၊ လက်အိတ် ၇၀၀ ၊ ပိုးသတ်ဆေးပုံး ၁၅ ပုံး၊ လက်ဆေးရည် ၂၀၀ ဘူးနှင့် ဆပ်ပြာခဲ ၇၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့ နယ်များအတွင်းရှိ ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာကြသည့် အဖွဲ့အစည်းများ အားလုံးအတွက် ထောက်ပံ့ငွေကျပ် ၆၅ သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အဖွဲ့အစည်းအသီးသီး၏ လိုအပ်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း‌၍ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ညောင်ပင်ရပ်ကွက်ရှိ တရုတ် ဘုံကျောင်းအတွင်း စေတနာ့ဝန်ထမ်းလူငယ်များ စုဖွဲ့၍ ဖွင့်လှစ်ထားသည့် အားနွဲ့သူကို ဖေးမကူ ပရဟိတအဖွဲ့၏ အခမဲ့ဆေးပေးခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အတွက် အစုအဖွဲ့ဖြင့် ရောဂါပိုး စစ်ဆေးရှာဖွေပေးခြင်း၊ အခမဲ့ဆေးဝါးကုသပေးခြင်း၊ လူနာ များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြပြီး ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ သူနာပြု များ၊ ဆေးရုံဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေကျပ် ၄၁ သိန်းကို  ထောက်ပံ့ပေးအပ်ခဲ့ကာ ဆေးရုံဝင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

          ယင်းနောက် ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း နမ့်ဖားချယ်ရီအမျိုးသမီးဆောင်နှင့် နွမ်လိပန် အမျိုးသမီးဆောင်တို့တွင် လည်းကောင်း၊ အားနွဲ့သူကို ဖေးမကူပရဟိတအဖွဲ့မှ ဆောင်ရွက်ထား သည့်  အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း ကိုဗစ်-၁၉ အတည်ပြုလူနာ များအား သီးသန့်ထား ကုသပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ယူဆောင် ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ အတည် ပြုလူနာများအား အားပေးစကားပြောကြားခဲ့ကြသည်။

          ယင်းနောက် ဗန်းမော်မြို့ ကုန်းမဟတ်ကျေးရွာအုပ်စု၊ ဖိုးဒေဝကျေးရွာ၌ သုံညသုခပရဟိတ လူငယ်အသင်းမှ ဆောင်ရွက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက်ရှိသည့်နေရာ အား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအဝင်လမ်းဆောင်ရွက်ပေးနိုင်ရေးနှင့် စက်ရုံအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ထရန်စဖော်မာထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြသီတာဧည့်ရိပ်သာ၌ မြို့နယ်အ တွင်း ကိုဗစ်-၁၉ ကပ်ရောဂါကလ၌ မွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး၊ ‌ဒေသ တွင်း စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် မြို့နယ်အတွင်းရှိ ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နေကြသူများနှင့် တွေ့ဆုံပြီး မွေးမြူရေးလုပ်ငန်းများအတွက် တိရိစ္ဆာန် အစာလုံလောက်ဖူလုံစွာရရှိရေး၊ ဈေးကွက်စနစ်တည်ငြိမ်မှန်ကန်စေရေး၊ စနစ်တကျမွေးမြူနိုင်ရေး တို့အတွက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာများ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဗန်းမော်မြို့ သိရီမင်္ဂလာကံဦးကန်ဦးကျောင်းတိုက်သို့ သွား‌ရောက်ပြီး   မြို့ နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကေသဝထံ ဆန် ၁၀ အိတ်နှင့် အလှူငွေကျပ် ၅ သိန်း ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။