ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ တိမ်းရှောင်လာသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုရန် Camp သွင်းထား သည့် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့မှုများဆောင်ရွက်၊ မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း သဲသောင်ပြင် ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ် တောငန်းခေါင်းကြားငှက်များ ထူးခြားစွာ လာရောက် ကျက်စားနေထိုင်မှုအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ တိမ်းရှောင်လာသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ တက္ကသိုလ်ဝင်တန်း Grade-12 ဖြေဆိုရန် Camp သွင်းထား သည့် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့မှုများဆောင်ရွက်၊ မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်း သဲသောင်ပြင် ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ် တောငန်းခေါင်းကြားငှက်များ ထူးခြားစွာ လာရောက် ကျက်စားနေထိုင်မှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လတ်တလောဖြစ်ပွားသည့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြင်(၁)ကျေးရွာအုပ်စု များမှ နေရပ်စွန့်ခွာခေတ္တတိမ်းရှောင်လာသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ သွားရောက်တွေ့ဆုံထောက်ပံ့ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိမြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းဘုရားကျောင်းခန်းမ၌ မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာအုပ်စုနှင့် ခေါင်ဖူးရွာသစ်ကျေးရွာအုပ်စုတို့မှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များ ကြောင့် နေရပ်ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော မိသားစုများအား မိမိတို့အနေဖြင့် လိုအပ် သည့်နေထိုင်စားသောက်မှုများ အဆင်ပြေစေရေး အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့အားလုံးက စည်းစည်းလုံးလုံး ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက အိမ်ထောင်စု (၇၀)စု၊ လူဦးရေ ၂၉၆ ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် (၆) ပြည်ပါ အိတ် (၇၀)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၇၀)နှင့် ပြည်နယ်ဘေး         အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လူဦးရေ (၂၉၆) ဦးတို့အတွက် ဆန်ရိက္ခာ (၁)လစာအတွက် ထောက်ပံ့ငွေကျပ် (၂၆၆၄၀၀၀)တို့ဖြင့် ဆန်ရိက္ခာနှင့် ငွေသား စုစုပေါင်း ၅၂၁၉၀၀၀ ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိမ်းရှောင်မိသားစုများကိုယ်စား သိက္ခာတော်ရ ဆရာဆာမူခီက ကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး ဆုတောင်းဆက်ကပ်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်အတွင်း ပြည်နယ် အဆင့် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသော ကျောင်းအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် အခြေခံ ပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ)၌ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများဖြန့်ဝေနိုင်ရေး စီမံဆောင်ရွက်ထားသည့် မြေယာရှုခင်းနှင့် ကျောင်းဝန်းကျင်သန့်ရှင်း၍ စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ကျောင်းအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ထံပေးအပ်ခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် Camp သွင်းထားသည့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကော်မတီများဖွဲ့စည်းပြီး တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး၊ ကျောင်းသားအားလုံး စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် စားမေးပွဲတည်ငြိမ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မိဘ၊ ကျောင်းသား၊ ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် Grade-12 ကျောင်းသား/ကျောင်းသူများကို နေထိုင်စား သောက်မှုအဆင်ပြေစေရေး၊ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း၊ တာလောကြီးရှိ ကျောင်းသား/ကျောင်းသူများအတွက် ဆန်အိတ်(၂၀)နှင့် စားသုံးဆီ (၂)ပုံးအပြင် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက မြစ်ကြီးနားမြို့နယ်ရှိ ကျောင်းသား/ ကျောင်း သူများအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများ၊ အလှူ့ရှင်များက ဝိုင်းမော်၊ ချီဖွေ၊ မိုးညှင်း၊ ဗန်းမော်၊ ရွှေကူ၊ မံစီ၊ မိုးမောက်၊ နောင်မွန်၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာ ဘွမ်မြို့နယ်များမှ အခြေခံပညာကျောင်းပေါင်း (၄၆)ကျောင်းတွင် ယာယီစခန်းသွင်းလေ့ကျင့်သင် ကြားပေးနေသော ကျောင်းသားဦးရေစုစုပေါင်း ၈၀၀ ကျော်တို့အတွက် ထောက်ပံ့ငွေကျပ်စုစုပေါင်း ငွေကျပ် ၄၀၇၀၀၀၀၀ ကျပ်ကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများထံ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြရာ ကျောင်းသား/ကျောင်းသူများကိုယ်စား တာလောကြီးကျောင်းအုပ်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့ ရပ်ကွက်(၄) အတွင်းရှိ လီဆူနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ မြို့နယ်အတွင်းရှိ အောင်မြေ (၁)ကျေးရွာ အုပ်စုနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စုများမှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ်ကွက် များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ ခေတ္တတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိမ်းရှောင်အိမ်ထောင်စု (၂၃၇)စု၊ လူဦးရေ (၇၇၀)ဦးတို့ အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်စုစုပေါင်း (၉၄)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၂၇၁)ဖာ တို့နှင့် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက လူဦးရေ (၇၇၀)ဦးတို့အတွက် ဆန်ရိက္ခာဘိုးငွေ ကျပ် ၆၉၃၀၀၀၀ ဖြင့် စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး (၁၉၅၁၈၅၀၀)ကို အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြရာ သိက္ခာတော်ရဆရာတော်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိမ်းရှောင်အိမ် ထောင်စုများက လမ်း၊ တံတား၊ သောက်သုံးရေလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

          ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များက တိမ်းရှောင်မိသားစုများအတွက် မုန့်များကို လိုက်လံ ဝေငှခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြ သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ကျင်းပပြုလုပ်သည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ရိုးရာဓလေ့ထုံးစံနှင့်အညီ လက်ဆင့်ကမ်း ကျင်းပပြုလုပ်ခဲ့ရာ ယခုအကြိမ်သည် မိမိတို့အစိုးရသက်တမ်းတစ်လျှောက် တတိယအကြိမ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့တို့၏ ရိုးရာယဉ်ကျေးမှုများကို မိမိတို့အနေဖြင့် လက်ဆင့်ကမ်းထိန်း သိမ်းပြီး လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရေး အောင်မြင်ခမ်းနားစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ် ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ပွဲကျင်းပရေးအစီအမံများနှင့် စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များကို သက်ဆိုင်ရာ ကော်မတီအလိုက် တာဝန်ရှိသူများက တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ကော်မတီ အလိုက် တာဝန်ရှိသူများနှင့်အတူ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအတွက် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်တွင် နေရာသတ်မှတ်ရွေးချယ်ပြီး အခမ်းအနား ပြင်ဆင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဧရာ ဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းသဲသောင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်း ခေါင်းကြားငှက် (Bar-headed Goose) သိပ္ပံအမည်- Anser indicus ငှက်ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် ထူးခြားစွာ လာရောက်ကျက်စားနေထိုင်မှုများကို ကမ်းနားလမ်းမှ စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြသည်။

          အဆိုပါ ဆောင်းခိုငှက် တောငန်းခေါင်းကြားငှက်မျိုးစိတ်သည် မြန်မာနိုင်ငံအပါအဝင် ထိုင်း နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် အောက်တိုဘာလမှ ဧပြီလအတွင်း လာရောက်ဆောင်းခို ကျက်စားလေ့ရှိပြီး အဓိကအားဖြင့် ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးကန် နှင့် ရှမ်းပြည်နယ်အင်းလေးကန်တို့အပြင် ပြူကန်၊ ပုလိပ်အင်းစသည့် အင်းအိုင်များနှင့် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြီးများအတွင်း လာရောက်ဆောင်းခိုကျက်စားလေ့ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဆောင်း ရာသီကလည်း အဆိုပါ ငှက်ကောင်ရေ ၄၀၀ ခန့် အင်းတော်ကြီးအိုင်တွင် လာရောက်ကျက်စားခဲ့ ကြောင်း အင်းတော်ကြီးအိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။