ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဝိုင်းမော်မြို့၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေမှု အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇူလိုင် ၅

         ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းသွားလမ်း အရှည်ပေ (၃၉၀) ပေအား  အကျယ် (၁၄) ရှိ ကွန်ကရစ်လမ်းသစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရေးနှင့် အရည်အသွေးပြည့်မီစွာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

          ထို့နောက် ဝိုင်းမော်မြို့ အမှတ် (၄)ရပ်ကွက်အတွင်းရှိ အရှည်ပေ (၅၄၀)ရှိ ယခင်ကျောက်ခင်းလမ်းအား အရှည် (၅၄၀)ပေ၊ အကျယ် (၁၄)ပေရှိ ကွန်ကရစ်လမ်းသစ် ခင်းကျင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဝိုင်းမော်မြို့၌ အမှတ် (၃)ရပ်ကွက် ဆဒုံးရပ်၊ ဗထူးလမ်းခွဲ ဗျူ့ဝူလမ်းအား လည်းကောင်း၊ အမှတ် (၅)ရပ်ကွက်အတွင်း အမှတ် (၁) လမ်းသွယ်အား လည်းကောင်း ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။