ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ (၇) ကြိမ်မြောက် နွေရာသီပညာပါရမီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
မြစ်ကြီးနား မေ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ကျင်းပသည့် နွေရာသီပညာပါရမီ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကာ ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းသားရေးရာဝန်ကြီး ဦးစိုးသိန်းက အားပေးအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဗမာတိုင်းသားရေးရာဝန်ကြီးနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ (၅၅၁)ဦးတို့အား ဆုတံဆိပ်များ၊ အောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် အလှူရှင်များက ကျောင်းအုပ်ဆရာတော်ထံ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ နွေရာသီပညာပါရမီသင်တန်းကို မတ်လ ၃ ရက်နေ့မှ…