
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ပိုက်ကျော်ခြင်းလက်ရွေးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ ဆုတံဆိပ်များ ရရှိခဲ့သော ကချင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား လေဆိပ်၌ ဂုဏ်ပြုကြိုဆို
မြစ်ကြီးနား ဇူလိုင် ၁၀ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အားကစားစိတ်ဓာတ်၊ အားကစားအဆင့်အတန်းကို ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် အနိုင်ရရှိရေး ရည်မှန်းချက်ထားကြိုးစားရုံသာမက အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှုများကိုပြသပြီး ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်ရန် အရေးကြီးပါကြောင်း အားပေးပြောကြားကာ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၁၅ သိန်း၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်…