၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲတွင် အောင်ပွဲရခဲ့သော ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
မြစ်ကြီးနား အောက်တိုဘာ ၂၁ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ သည့်တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် အောင်ပွဲရခဲ့သည့် ပြည်နယ်လက်ရွေးစင် ဝူရှူး အသင်းအား ကချင်ပြည်နယ်အစိုးရ အဖွဲ့မှတာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်က မြစ်ကြီးနား လေဆိပ်တွင် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။ ထိုသို့အောင်ပွဲရပြည်နယ်လက်ရွေးစင်ဝူရှူးအသင်းအား ကြိုဆိုဂုဏ်ပြုရာတွင် ကချင်ပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့်တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာအကများ ၊ဂုဏ်ပြုတီးဝိုင်းများ ၊အေရိုးဗစ်အကများ ဖြင့် ကပြတီးမှုတ်ကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ အောင်ပွဲရ ပြည်နယ်လက်ရွေးစင်…