ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ကျင်းပ

မြစ်ကြီးနား     မေ ၂၅           မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မေ ၂၅ ရက် နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ကြသည်။           ညောင်ရေသွန်းပွဲတော်အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ် ကြပြီး ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန်ရွတ်ဆိုသည့် ဂါထာနှင့် ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုပူဇော်ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေနှင့် ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အထေွထွေအုပ်ချုပ်ရေး ဦးစီးဌာနမိသားစုထိန်းသိမ်းရေးကော်မတီမှဓမ္မစင်္ကြာဝတ်အသင်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ဓမ္မစင်္ကြာဝတ်အသင်းများအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဗောဓိညောင်ပင် အား ညောင်ရေသွန်းလောင်းပူဇော်ကြခဲ့သည်။Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာ‌‌ရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၂၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂျာမိုင်ကောင်းနေရပ်စွန့်ခွာစခန်းနေပြည်သူများ အတွက် ပန်းခင်းစီမံချက်ဖြင့် ‌ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မြစ်ကြီးနား     မေ ၂၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက်အတွင်းရှိ ဂျာမိုင် ကောင်း (KBC) နေရပ်စွန့်ခွာစခန်း၌ စခန်းနေပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ပြားများပေးအပ်ခဲ့ပြီး ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်းပါဝင်သည့်မြေယာ/အဆောက်အဦ/သီးနှံများ အတွက် လျော်ကြေးငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     မေ ၂၁           ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦ/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေး ငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို မေ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့တစ်ဦးချင်းစီ သည် ကချင်ပြည်နယ်သူပြည်နယ်သားများဖြစ်ကြပြီး ပြည်နယ်၏အကျိုး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်သိစိတ်ဖြင့် ယခုလို လက်တွဲဆောင်ရွက်ကြသည့်အတွက် ပြည်နယ်သူ/ပြည်နယ်သား များအားလုံးကိုယ်စားကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ မြေယာ၊ အဆောက်အအုံအတွက် စိတ်မ ကောင်းဖြစ်မိကြမည်ဖြစ်သော်လည်း ပြည်နယ်အကျိုး၊ အများအကျိုးအတွက် သဘောထားပြည့်ဝစွာ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များအတွက် ပြည်နယ်သင်တန်းသား ရွေးချယ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၂၁           နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့အတွက် ကချင်ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၁)ကို မေ ၂၁ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီနာယက၊ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသည် နယ်စပ်ဒေသများနှင့် အမှန်တကယ် ခက်ခဲသည့်ဒေသများအတွက် တန်ဖိုးရှိသည့် ဝန်ထမ်းကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနေပါကြောင်း၊ ဒါ့ကြောင့်ဒီနေ့ပြည်နယ်အတွင်းမှာရှိ သည့် တိုင်းရင်းသားလူငယ်များကို တက်ရောက်နိုင်ရေးအတွက် အရည်အချင်းကိုက်ညီသည့် သင်တန်း သားများကို ရွေးချယ်စေလွှတ်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း တိုက်တွန်းမှာကြား သည်။ &Read More