ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာ‌‌ရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာ‌‌ရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၂၄

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁-၂၀၂၂ ခု၊ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း လျာထားသတ်မှတ်နိုင်ရေး ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ကလာမည့်နှစ်အတွက် ဘဏ္ဍာငွေလျာထားတင်ပြမှု စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ နယ်မြေ လုံခြုံရေးအခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများကို ချိန်ဆသုံးသပ် ပြီး ဦးစားပေးလျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျာထားတောင်းခံတင်ပြလာသည့် လုပ်ငန်း များ အပြည့်အဝသုံးစွဲနိုင်ရေးနှင့် လေလွင့်မှုမရှိစေရေးအတွက် အလေးထားဆွေးနွေးကြစေလို ကြောင်းနှင့် အထူးသဖြင့် စီမံကိန်းလုပ်ငန်းလျာထားမှုများကို မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေ ရေးအတွက် ပြည်နယ်အတွက် ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သော ဌာနဆိုင်ရာများ၏ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ္ဍာ ငွေလျာထားမှုအခြေအနေနှင့် ဌာနဆိုင်ရာများအလိုက် စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေ လျာထားတင်ပြတောင်းဆိုမှုများအပေါ်  သုံးသပ်ရှင်းလင်းပြောကြားပြီး ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ထက်က ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ဌာနဆိုင်ရာများ၏ ဘဏ္ဍာရေးလျာထားချက်များကို လည်းကောင်း၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်အေးဟန်က စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း ၍ စီမံကိန်းရေးဆွဲဆောင်ရွက်ထားရှိမှုကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဘဏ္ဍာတွင် ပါဝင်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းပါ လျာထားတင်ပြ တောင်းဆိုမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များက စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာငွေလျာထားသတ်မှတ်ချက်များအပေါ် မြေပြင်အခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို သုံးသပ်ဆွေးနွေးတင် ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေလျာထားတင်ပြမှုကို အကောင်အထည်ဖော်‌ဆောင်ရွက်ရမည့်နယ် မြေလုံခြုံရေးအခြေအနေပေါ် မူတည်၍ ပြန်လည်သုံးသပ်တင်ပြရေး၊ ဘဏ္ဍာငွေသတ်မှတ်လျာ ထားချက်များပြည့်မီစွာဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြရေးနှင့် ဘဏ္ဍာငွေခွဲဝေလျာ ထားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုံခြုံရေးအခြေအနေပေါ်မူတည်၍ ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့် လုပ်ငန်း(၃၉)ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းတစ်ခု ချင်းစီအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကစီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုဖြစ်စဉ်များနှင့် ပတ်သက်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက် နိုင်ရေးအတွက် တင်ဒါစည်းမျဉ်းစည်းကမ်းအမိန့်ညွှန်ကြားချက်များ၊ စာချုပ်ပါအချက်များအတိုင်း အလေးထားလိုက်နာဆောင်ရွက်ကြရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရေး၊ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေကို ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်နိုင် ရေးနှင့် လိုအပ်ချက်များကို ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူ များအကြားပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။