ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးသည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည် ပေးရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ခရိုင်/ မြို့နယ်များအလိုက်စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာရေးအတွက် ရန်ပုံငွေများကို တောင်သူများ လက်ဝယ်အရောက် ရင်းနှီးမတည် ဆောင်ရွက်ပေး လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ ထပ်မံရင်းနှီးမတည်ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ သုံးသပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ် အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းစုလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် တောင်သူများထံ ရန်ပုံငွေများ မတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ […]ဆက်လက်ဖတ်ရှူရန်