ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကတို့ဖြင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက တို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ &Read More