ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေးပြီး မြို့သန့်ရှင်းသာယာလှပလာစေရေး အထင်ကရနေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို
မြစ်ကြီးနား ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ အထင်ကရနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေး ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နံနက် (၈) နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့သို့ […]ဆက်လက်ဖတ်ရှူရန်