ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းနှင့် ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့်
ဗန်းမော် ဧပြီ ၂၀ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်အတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်က ဗန်းမော်ခရိုင် အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် တာဝန်ရှိသူ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီး ဗန်းမော်၊မံစီ၊မိုးမောက်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌတို့က မိမိတို့မြို့နယ်အလိုက် […]ဆက်လက်ဖတ်ရှူရန်