ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံဝန်ထမ်းမိသားစုများအား နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) များကောက်ယူခြင်း နှင့် UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို
မြစ်ကြီးနား ဇူလိုင် ၂၄ ကချင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်း လုပ်ငန်းကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပုံစံ-၁ […]Read More