မြစ်ကြီးနား မတ် ၇ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝ အရင်းအမြစ် ပေါကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပေါများကြွယ်ဝသော သဘာဝ အရင်းအမြစ်ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်…