ကချင်ပြည်နယ်အတွင်း ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှု နှုန်းမြှင့်တက်လာပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂-၂၃ ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ (၆၉)လုံး၊ ခရီးသွားလှည့်လည်ရေးလုပ်ငန်း (၆၁)ခုနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (၁၆၇)ဦးတို့အတွက် လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုပေးနိုင်ခဲ့
မြစ်ကြီးနား ဇူလိုင် ၁၉ ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂)နှစ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ (၆၉)လုံး၊ ခရီးသွား လှည့်လည်ရေးလုပ်ငန်း (၆၁)ခုနှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် (၁၆၇)ဦးတို့အတွက် လုပ်ငန်းလိုင်စင် အသစ် ခွင့်ပြုချထားပေးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။ ထို့အပြင် ကချင်ပြည်နယ်အတွင်း ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် (၇၁၇၇၁)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၁၈၄၁၁၁)ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန် အထိ (၇၀၇၈၈)ဦး ဝင်ရောက်ခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ခရီးသွားများလာရောက်မှုနှုန်းမြှင့်တက် လာနေကြောင်း…