
ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ၊ ပြည်နယ်အတွင်းရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇူလိုင် ၄ ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်အတွင်းမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၄ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် တိုင်းရင်းသူလေးများက အဖွင့်သီချင်းသီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခေတ်အဆက် ဆက်ထူးချွန်ထက်မြက်သည့်အမျိုးသမီးများသည် နိုင်ငံနှင့်လူမျိုးအတွက်ကြိုးပမ်းကြသည့်နေရာတွင် လွပ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပါဝင်၍ တာဝန်ထမ်းဆောင် နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများသည် အိမ်၏ ပဲ့ကိုင်ရှင်များဖြစ်သကဲ့သို့ နိုင်ငံတော်၏ အင်အားစုတစ်ရပ်လည်း…