ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်း(၄)ခုတို့မှ မူလနေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     မတ် ၂၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၄)ခုမှ မူလနေရပ်ကျေးရွာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စုများ အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၂၁ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း မန်ခိန်နှစ်ခြင်းကယ်ဆယ်ရေးစခန်း၌ စခန်းတာဝန်ခံများ၊ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မူလနေရပ် ဝိုင်းမော် မြို့နယ် ကဇူးယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလောနေထိုင်စားသောက်မှု…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ‌မြစ်ကြီးနားမြို့၌ အားကစားနည်း ၁၉ မျိုး၊ သင်တန်းသားဦးရေ ၁၈၀၀ ကျော်ဖြင့် ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     မတ် ၂၀           လူထုအားလုံး ပါဝင်လှုပ်ရှားသည့် လူထုအားကစားမှ တစ်ဆင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝါသနာပါရာ အားကစားနည်းကို အခြေခံမှ စ၍ စနစ်တကျသင်ကြားတတ်မြောက်လာစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ် ၂၀ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့သင်တန်းတွင် အားကစား ပြုလုပ်ခြင်းကို ပျော်ရွှင်ခြင်းမှတစ်ဆင့် ဝါသနာပါရာအားကစားနည်းများ၏ အခြေခံများကို စနစ် တကျသင်ကြားပေးရန် သာမက သင်တန်းသားလူငယ်မောင်မယ်များအား အချိန်ကိုလေးစားတတ် ခြင်း၊ စည်းကမ်းလိုက်နာတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများ နှင့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုဖူဆယ်နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၉           ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက် ပြိုင်ပွဲ ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများကို မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။           ရှေးဦးစွာ မတ် ၁၈ ရက် နံနက် ၆ နာရီခွဲက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို Northern Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းများအား e-ID စနစ်ဖြင့် စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၈           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ လူဦးရေနှင့် အိမ်ထောင်စုစာရင်းများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်း e-ID ရေးသွင်းဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၇ ရက် ညနေ ၃ နာရီခွဲက လိုက်လံကြည့်ရှုအားပေးခဲ့သည်။           ထို့သို့  e-ID စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းများ အား စိစစ်တိုက်ဆိုင်၍ e-ID…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်မားလာ စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၁၆ ရက် ညနေ ၃ နာရီ က မြစ်ကြီးနားမြို့တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီနားမြို့ စက်မှုဇုန်ရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်း၌ ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဖက်ချော စက္ကူထုတ်လုပ်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေးမှုဖြင့် စက္ကူထုတ်စက်တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ စွန့်ပစ်ပစ္စည်းကုန်ကြမ်းများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ များကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မြေနေရာ၊ နည်းပညာတက္ကသိုလ်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများနှင့် မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် သင်္ကြန်အကြိုနှုတ်ဆက် ရေသဘင်ပွဲတော် တက်ရောက်

မြစ်ကြီးနား     မတ် ၁၆           ကချင်ပြည်နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား တက္ကသိုလ်အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေနေရာလျာထားဆောင်ရွက်လျက်ရှိရာ မတ် ၁၆ ရက် နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ လျာထားမြေနေရာအား ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။           ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံ ဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့ နန်ပေါင်ရှောင်ကွင်းလမ်းမှတစ်ဆင့် မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ မြေဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများသတ်မှတ်လျာမှုအခြေအနေနှင့် ကွန်ပျူတာ တက္ကသိုလ်အတွက် မြေဧက ၃၀ သတ်မှတ်လျာထားမှု အခြေအနေများကို…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၁၆           ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကွန်ပျူတာသိပ္ပံ နှင့်နည်းပညာဘာသာရပ်များအတွက် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုလျက်ရှိရာ  စာမေးပွဲဖြေဆိုနေမှုများအား မတ် ၁၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီး ဦးတိန့်ဆောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော် နိုင်ဦးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့သို့ စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က သင်တန်းနှစ် အလိုက်ကွန်ပျူတာသိပ္ပံနှင်နည်းပညာ ဘာသာရပ်များတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် နှစ်ဝက်စာမေးပွဲများကို ဖြေဆိုခွင့်ရရှိသူဦးရေ ကျား/မပေါင်း ၁၇၈ ဦးရှိသည့်အနက် ဖြေဆိုသူ ၁၇၄ ဦးဝင်ရောက်ဖြေဆိုနေမှုနှင့် စပ်လျဉ်း၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ယာယီခိုလှုံရာစခန်းများမှ မူလနေရပ်သို့ ပြန်လည် ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ၊ ဆီနှင့်ထောက်ပံ့ငွေများပေးအပ်၊ ကံပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၂)ခုမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်း၍ နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် တာဝန်ရှိသူများသည် အဆိုပါ ယာယီခိုလှုံရာ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် ဂျန်မိုင်ကောင်းကတ်သလစ်အသင်းတော်ဝင်းအတွင်းရှိ မူလနေရပ် တာလောကြီးကျေးရွာသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ၊ စခန်း တာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရန် ဆန်၊ ဆီနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ရာသီပန်းအလှပင်များဖြင့် သန့်ရှင်းသာယာလှပစေရေး လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မတ် ၁၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား ရာသီပန်း အလှပင်များဖြင့် သန့်ရှင်းသာယာလှပသည့် ပန်းမြို့တော်ဖြစ်လာစေရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့တော်ခန်းမ၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ် အတွင်း မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း အတွက် တပင်တိုင်နှင်းဆီ၊ စက္ကူပန်းအပါအဝင်အလှပန်းပင်များ၊ အရိပ်ရအပင်ပေါက်များ စုဆောင်း ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်း ဒူဝါဇော်ရစ်လမ်းမတစ်လျှောက် အရိပ်ရပန်းပင်များနှင့် လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၃           ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို မတ် ၁၃ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများ မီးဘေးအန္တရာယ် သတိမူစေရေးအတွက် ရပ်ကွက်အလိုက် မီးဘေးလုံခြုံရေးသတိပေးခြင်း၊ စက်ရုံ/အလုပ်ရုံ၊ ဌာန ဆိုင်ရာရုံးများနှင့် ဟိုတယ်များကို စစ်ဆေးသတိပေးခြင်း၊ ဟောပြောပို့ချခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်ခြင်းများကို သန္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်စွာ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မီးလောင်မှုသဘောတရားကို ဆန်းစစ်ကြည့်မည်ဆိုလျှင် လောင်သည့်မီးကို အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်သမား၏ ဉာဏ်ရည်သည် အဆင့်မြှင့်ပြီး အမြင်ကျယ်ရတော့မည်ဖြစ်ပါကြောင်း၊ ဒါ့အပြင်…

Read More