
(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်များ နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဒီဇင်ဘာ ၁၇ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ(၁၀)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍများတွင် စံပြုလောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ် ကြောင်း ဒီဇင်ဘာ ၁၆ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လာမည့် ကချင်ပြည်နယ်နေ့သည် စိန်ရတုနှစ်ဖြစ်သည့်အတွက် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူး ဆောင်ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ချီးမြှင့်ထိုက်သူများကျန်ရှိမှုမရှိစေရေး လုပ်ငန်း ကော်မတီများအနေဖြင့် စံနှုန်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ဆောင်ရွက်သွားရန် လိုကြောင်း၊…