ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ရိုးရာအထည်အလိပ်ထုတ်လုပ်သည့် ရက်ကန်းလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရက်ကန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး
မြစ်ကြီးနား နိုဝင်ဘာ ၁ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ရိုးရာအထည် အဆင်ဒီဇိုင်းများရက်လုပ်သည့် ရက်ကန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များနှင့် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံဆွေးနွေသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရိုးရာ အထည်ဒီဇိုင်းများဟာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိပါ လူကြိုက်များ ကျော်ကြားလှပသော အဆင်ဒီဇိုင်းများဖြစ်ပါကြောင်း၊ သို့ဖြစ်၍ရိုးရာအထည်အလိပ်ဒီဇိုင်းများအားရက်လုပ်သောရက်ကန်း ပညာရပ် ယဥ်ကျေးမှုအမွေအနှစ်များ တိမ်ကောပပျောက်သွားခြင်းမရှိရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရန် ရက်ကန်းလုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊ […]ဆက်လက်ဖတ်ရှူရန်