ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံမြေနေရာအဝင်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ကိုယ်စားပြု အောင်ပွဲရဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံမြေနေရာအဝင်လမ်း ဆောင်ရွက်ပြီးစီးမှု၊ ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ကိုယ်စားပြု အောင်ပွဲရဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ

မြစ်ကြီးနား     မတ် ၁၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း၌ တည်ဆောက် သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာ အဝင်လမ်း ပြင်ဆင်ဆောင်ရွက်ပြီးစီး မှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်ဖောင်းကျေးရွာအုပ်စုအတွင်း၌ ကချင် ပြည်နယ်အတွင်း ပထမဆုံး တည်ဆောက်ဖွင့်လှစ်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းမြေနေရာ ဧက ၅၀ ကျော်နှင့် ကွန်ပျူတာတက္ကသိုလ်မြေနေရာတို့အား ခြံစည်းရိုးကာရုံ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အားကာသိပ္ပံကျောင်း အဝင်လမ်းအရှည် ၁ မိုင် ၁.၄ ဖာလုံအား ကျောက်ချောလမ်း ခင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းမပေါ်ရှိ Box Culvert (၆) ခု တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်စစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနဝင်းအတွင်း မြန်မာနိုင်ငံတွင် ရေကူးပြေးလမ်း (၁၀)လမ်းပါ အကြီးဆုံးရေကူးကန်တည် ဆောက်ပြီးစီးမှုအခြေအနေများနှင့် တည်ဆောက်ဆဲလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ မြေညှိခြင်း၊ ဘောလုံးကွင်း ခြံစည်းရိုးကာရံထားခြင်းနှင့် ကွင်းပတ်လည် ခြံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ကချင်စုရပ်ကွက်အတွင်းရှိ ဧရာဝတီမြစ်ဆိပ်သွားလမ်း တိုးချဲ့၍ ခင်းကျင်းဆောင်ရွက်နိုင်‌ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ (၆)နာရီခွဲတွင် မြစ်ကြီးနားဂေါက်ကလပ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ပြည်နယ်ဂုဏ်ဆောင် ဂေါက်သီးရိုက်အားကစား သမားများအား ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် တံခွန်စိုက်ဆုဖလားအပါအဝင် အမျိုးသားအသင်း လိုက် တတိယဆုနှင့် တစ်ဦးချင်း ပထမဆုများကို ရယူခဲ့ကြသော ပြည်နယ်ဂုဏ်ဆောင်အားကစား သမားများအားလုံးအား ပြည်နယ်ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဂေါက်သီး ရိုက်အားကစားသမိုင်းတွင် မရှိသေးသည့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရယူနိုင်ခဲ့ကြသည့် အတွက် ပိုမိုဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောက်နောင်ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင် ရေးနှင့် ယခုလို ဆုဖလားများ ရရှိအောင် စွမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုအားပေး တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ အောင်ပွဲရဂေါက်သီးရိုက်အသင်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ က အမျိုးသမီးအသင်းလိုက် အကျောပေးပြိုင်ပွဲတွင် ရရှိခဲ့သော တံခွန်စိုက်ဆုဖလားနှင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ရရှိခဲ့သော တတိယတံခွန်စိုက်ဆုဖလားတို့အား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း(၅၀)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူးက ဂေါက်သီး ရိုက်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၀) သိန်းနှင့် Northern Star ဂေါက်ကလပ်မှ ချီးမြှင့်ငွေကျပ် (၁၀)သိန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက အမျိုးသမီးတစ်ဦးချင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၆) သိန်းစီနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက အောင်ပွဲရဂေါက်သီးရိုက်အသင်းအား ပံ့ပိုးကူညီခဲ့ကြသူများအတွက် ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၈)သိန်းတို့ ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကာ ဂုဏ်ပြုညစာအား အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။