ကချင်ပြည်နယ်၏ ထူးခြားသည့်ဒေသအရင်းအမြစ်များပေါ်အခြေခံ၍ သဘာဝအခြေခံခရီးသွား လုပ်ငန်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်

 ကချင်ပြည်နယ်၏ ထူးခြားသည့်ဒေသအရင်းအမြစ်များပေါ်အခြေခံ၍ သဘာဝအခြေခံခရီးသွား လုပ်ငန်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်

မြစ်ကြီးနား     မတ် ၁၅

          ကချင်ပြည်နယ်အတွင်းရှိ ရေခဲတောင် အပါအဝင် ထူးခြားသည့် ဒေသအရင်းအမြစ်များပေါ် အခြေခံ၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေး ခြင်းဖြင့် အချိန်တိုအတွင်း ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မတ် ၁၅ ရက် နံနက် ၁၀နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏သဘာဝအရင်းအမြစ်ကို အခြေခံပြီး ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ စီမံချက်ရေးဆွဲ ပြီး ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးများဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ဒေသတွင်း အချိန်တိုတိုဖြင့် ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်းနှင့် ထိရောက်အောင်မြင်နိုင်သည့် ခရီးစဉ်ဒေသများကို ရွေးချယ်ဆောင်ရွက် သွားရန်လည်းလိုအပ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ကချင်ပြည်နယ်ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ခရီးစဉ်အသစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေ အနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ပြည်နယ် ကော်မတီဝင် များ အစားထိုးဖွဲ့စည်းနိုင်ရေး၊ ခရိုင်အလိုက်‌ဒေသတွင်း ခရီးသွားလုပ်ငန်း အဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင် သက်တမ်း တိုးခြင်းနှင့် အသစ် လျှောက်ထားလာမှု ကိစ္စရပ်များ၊ ပြည်နယ်၏ ခရီးစဉ်ဒေသများအား ၃၆၀ ဒီဂရီဖြင့် မှတ်တမ်း ဗီဒီယိုဆောင်ရွက်ပြီးစီးမှုနှင့် ပူတာအိုခရိုင်အတွင်း တိမ်ပင်လယ်ခရီးစဉ် နှင့် ခရီးစဉ်အသစ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြပြီး ပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ခရီးစဉ် ဒေသများအား ၃၆၀ ဒီဂရီဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယိုအား ဖွင့်လှစ်ပြသသည်။

          ယင်းနောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလိုင်စင်များ လျှောက်ထားလာမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးရေးနှင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။