ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား    သြဂုတ်  ၉

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သြဂုတ် ၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသော တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ (၁၁)ဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံပြီး တိုင်းရင်း သားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့အသီးသီးအနေဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလအ တွင်း ပြည်သူများအား အသိပေးခြင်းလုပ်ငန်းများကို မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ မိမိတို့ဘာသာစကားအသီးသီးဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့်အတွက် အဖွဲ့တစ်ခုခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ထောက်ပံ့မှုများ ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၁ ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၂၂ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ ရာ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များကိုယ်စား ဂျိမ်းဖောစာပေနှင့် တိုင်းလုံရှမ်းစာ ပေတို့မှ တာဝန်ရှိသူတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဉ် များ၊ မြေပြိုကမ်းပြိုဖြစ်စဉ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးတွင်းကာလအတွင်း ပြည်နယ်အ တွင်းသဘာဝဘေးဖြစ်ပွားလေ့ရှိသည့် ဖြစ်ရပ်ဖြစ်စဉ်များအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအတွက် ဆပ်ကော်မတီအသီးသီးကို ပြင်ဆင်ဖွဲ့စည်း ပြီး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ၊ စုဖွဲ့ဆောင်ရွက်ထားမှုကို ကြိုတင်ပြင်ဆင်ထားရှိ ရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်သွားကြ‌ရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက သဘာဝဘေးနှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်များသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးဖြစ်စဉ်ဖြစ်ရပ်များ အတွက် ရေရှည်တုံ့ပြန်ဆောင်ရွက်သွာမည့် လုပ်ငန်းစီမံချက်များဖြစ်စေရန် အလေးထားဆောင်ရွက်သွား ရေး တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဆပ်ကော်မတီအလိုက် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ က သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းလိုအပ် ချက်များ၊ ကယ်ဆယ်ရေးပစ္စည်များ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ ပျက်စီးဆုံးရှုံးမှုများအတွက် ကြိုတင်ပြင်ဆင် စုဖွဲ့ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ တပ်မတော်တပ်ရင်းတပ်ဖွဲ့များအလိုက်  စုဖွဲ့ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းတာဝန် အလိုက် ဆောင်ရွက်သွားရမည့် အရေးပေါ်လုပ်ငန်းများနှင့် ပတ်သက်၍ တက်ရောက်လာသူများ က အသီးသီးဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် တိုင်းမှူးက တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်မည့် ယာဉ်၊ ယန္တရား၊ လူအင်အား စုဖွဲ့ဆောင်ရွက်ထားရှိမှုတို့အပေါ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် စီမံဆောင်ရွက်ထားရှိမှုများကို သုံးသပ်ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။