ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်စီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်စီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၉

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်း အနားကို သြဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။

          ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်စီဂျင်အိုး များ လှူဒါန်းလက်ခံရရှိနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးသည် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပြည်သူများအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင် စွာကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်သည့်အတွက် ယခုလို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရာ တွင် လိုအပ်ချက်ရှိသည့် အောက်စီဂျင်အိုးများကို ပေးပို့လှူဒါန်းသည့် ပုဂ္ဂိုလ်များအား ပြည်နယ်သူ/ သားများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့က မြစ်ကြီးနားအခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းလာ သည့် လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး အလုံးရေ ၂၀၀ ကို လက်ခံရယူခဲ့ကြပြီး မှတ်တမ်းတင်ဂုဏ် ပြုလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ နယ်စပ်ရေးဝန်ကြီး ဌာနမှလတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေး ထောက်ပံ့လှူဒါန်းလျက်ရှိရာ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်း ကျောင်းအတွက် ဆန် (၁၇) အိတ်၊ ကုလားပဲ ၃၅ ပိဿာ၊ စားသုံးဆီ ၁၇ ပိဿာ၊ သာသနာ့ဝန်‌ဆောင် မြို့ဦးကျောင်းအတွက် ဆန် (၁၇)အိတ်၊ ကုလားပဲ ၃၈ ပိဿာ၊ စားသုံးဆီ ၁၉ ပိဿာနှင့် သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်အတွက် ဆန် ၁၇ အိတ်၊ ကုလားပဲ ၃၃ ပိဿာ၊ စားသုံးဆီ ၁၅ ပိဿာတို့အား ကျောင်းထိုင်ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၁)တပ်မတော်ကုတင် (၃၀၀)ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော နိုင်ငံ တော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဆရာတော်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အောင်မင်္ဂ လာကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တဦးသြဘာသထံ သွားရောက်ပြီး ကျန်းမာရေးအခြေအနေတိုးတက်မှုနှင့် ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် အခြေ အနေတို့ကို အခြေအနေတို့ကို မေးမြန်းလျှောက်ထားကြကာ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေ များကို ပေးအပ်လှူဒါန်းခဲ့သည်။