ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     သြဂုတ် ၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကသီဒြယ်ကတ်သလစ အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူနာများအား ပြုစုစောင့်‌ရှောက်ပေးနေမှုလုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အသင်းတော်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် စေတနာ့ဝန်ထမ်းများ လူမှုရေးအသင်း အဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ထို့နောက် ဒူကထောင်ရပ်ကွက်ရှိ စိန့်ဂျိုးဇက်ကတ်သလစ်အသင်းတော် ကလေးသူငယ်ဖွံ့ ဖြိုးရေးဂေဟာအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့် ရှောက်ရေးစခန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စေတနာ့ဝန်ထမ်းလူငယ်များဖြင့် စုဖွဲ့ဆောင်ရွက်ထားရှိမှုများကို အသင်းတော်တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က PPE ဝတ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်းရှိ စိန့်ပက် ထရစ်အသင်းတော်ပိုင်ကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြုစုစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းထိုင် ဘုန်းတော်ကြီးဒေါက်တာပီတာခါးအောင်တူးထံ PPE ဝတ်စုံများ၊ နှာခေါင်းစည်း Mask များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့် ထားစောင့်ကြည့်ကုသပေးလျက်ရှိသည့် ဖုန်ဂန်ရာဇီအမျိုးသားဆောင်နှင့် ဆဒုံးဘွမ်အမျိုးသမီးလူ နာဆောင်များတွင် လူနာများအား အားပေးစကားပြောကြားပြီး စေတနာ့ဝန်ထမ်းများအတွက် လို အပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။