ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

ဗန်းမော်         ဇူလိုင် ၃၀

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အခြေခံပညာသင်ကြားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပညာရေးအခြေခံကောင်းမွန်သည့် လူငယ်၊ လူရွယ်များ အစဉ်အလာမပျက် မွေးထုတ်ပေးနိုင်ရေး အတွက် ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်တွင် ပြည်နယ်အတွင်း ဗန်းမော်မြို့နယ်သည် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်သည့်အပြင် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ ကျောင်းသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့် အတွက် သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများအား မိမိတို့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ အလားတူ ပညာရေးကဏ္ဍ ပိုမိုတိုးတက်အောင်မြင်ရေး တက်ညီ လက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ကျောင်းသား/ ကျောင်းသူများ အားလုံး ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်းနှင့် သင်ကြားရေးလုပ်ငန်းတွင်လည်း ပြည်ထောင်စုကို ချစ်မြတ်နိုးတတ်သည့် လူငယ် လူရွယ်များ ဖြစ်လာစေရေး ကြိုးစားသင်ကြားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂျပန်နိုင်ငံသို့ နိုင်ငံ့ကိုယ်စားပြု စားပွဲတင်တင်းနစ်အားက စားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ဗန်းမော်ခရိုင်မှ အားကစားသမားမောင်မင်းခန့်ကျော်အား ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သက်အောင်ဇင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကိုယ်စား တင်းနစ်အားကစား သမားမောင်မင်းခန့်ကျော်အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆရာ၊ ဆရာမများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့ စုပေါင်းရှိ ခရိုင်ဥပဒေရုံး၌ ခရိုင် အတွင်းရှိ မြို့နယ်များမှ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေ‌ရေးအတွက် ဥပဒေ နှင့်အညီ ပြည်သူများ အမှန်တကယ် အားကိုးအားထားပြုနိုင်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီ ညီညွှတ်မျှတစွာ ဆုံးဖြတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားစီရင်ရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ‌ဒေါ်နန်းလှလှအေးက ဥပဒေအရာရှိများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ခရိုင်တရားသူကြီးနှင့် ခရိုင်ဥပဒေ အရာရှိတို့က ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တရားရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ပြည်နယ်ဥပ‌ဒေချုပ်က ဥပဒေရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။