ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၂၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး အလှပန်းခြံငယ်၊ ဈေးဆိုင်ခန်းများဖြင့် အများပြည်သူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရာ သြဂုတ် ၁၉ ရက် ညနေ ၃ နာရီက ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင် ရာများနှင့်အတူ အမှိုက်များ ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ ကောက်ယူခြင်းကို ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သစ်တောဦးစီးဌာနနှင့်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူး များ၊ အရာထမ်း/ အမှုထမ်း (၇၀)ကျော်တို့နှင့်အတူ ကမ်းနားလမ်းတစ်လျှောက် ဧရာဝတီမြစ်ဘေး We Love Myitkyina ဆိုင်းဘုတ်မှ စည်ပင်သာယာဆိပ်ကမ်းအထိ ပလပ်စတစ်အမှိုက်များ ကောက်ယူ ခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

          အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အများပြည်သူအပန်းဖြေရာ နေရာတွင် အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရှိရသည်။