ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင် ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း  စိုက်ထည့် ပေးထားသည့် ငါးသားပေါက်များ တရားမဝင်ငါးဖမ်းခြင်း မပြုလုပ်စေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်း၊ ငါးအစာတောင့်များ ကျွေးမွေးခြင်းနှင့် လေဆိပ်ပတ်ဝန်းကျင်နှင့် မြစ်ကြီးနားမြို့တွင်းရှိ အများပြည်သူ အပန်းဖြေနေရာများတွင် ပန်းမြို့တော်စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင် ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း  စိုက်ထည့် ပေးထားသည့် ငါးသားပေါက်များ တရားမဝင်ငါးဖမ်းခြင်း မပြုလုပ်စေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်း၊ ငါးအစာတောင့်များ ကျွေးမွေးခြင်းနှင့် လေဆိပ်ပတ်ဝန်းကျင်နှင့် မြစ်ကြီးနားမြို့တွင်းရှိ အများပြည်သူ အပန်းဖြေနေရာများတွင် ပန်းမြို့တော်စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဗလမင်းထင်ဧက ၁၀၀ တင်း ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ငါးသားပေါက် ကောင်ရေ ၂ သိန်း စိုက်ထည့်ခဲ့ပြီးဖြစ်ရာ သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက တရားမဝင် ငါးဖမ်းဆီး ခြင်းမပြုရေး ပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ငါးစာတောင့်များ ကျွေးမွေးခြင်းကို ဆောင်ရွက် ခဲ့ကြသည်။

          အဆိုပါ မိုးစပါးစံပြစိုက်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းအတွင်း သြဂုတ် ၁၅ ရက်နေ့က တောင်သူများအတွက် ငါးမြစ်ချင်းသားပေါက်ကောင်ရေ နှစ်သိန်း စိုက်ထည့် ပေးခဲ့ခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ လုပ်ကွက်ငယ်ငါးမွေးတောင်သူများနှင့်အတူ စိုက်ထည့်ပေးထားသည့် ငါးသားပေါက်များအား ပိုက်ကွန်ပစ်ငါးဖမ်းခြင်း၊ ကျဉ်စက်ဖြင့် ရှော့တိုက် ငါးဖမ်းခြင်း စသည့် တရားမဝင် ငါးဖမ်းခြင်းများ ပြုလုပ်မှုမရှိစေရေး ပညာပေးဆိုင်းဘုတ်များ စိုက်ထူ ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်ဂျန်းခချောင်း (ပင်မမြောင်း) တစ်လျှောက် တပ်ကုန်းကွင်း၊ မန်ခိန်ကွင်းနှင့် ဒူဝါဇော်ရစ်လမ်းတို့မှ ငါးသားပေါက်များအတွက် အစာ တောင့်များကို လှည့်လည်ကျွေးမွေးပေးခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၉ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားလေဆိပ်သန့်ရှင်းသာယာ လှပရေးနှင့် မြို့တွင်း အများပြည်သူအပန်းဖြေအနားယူရာနေရာများတွင် ပန်းမြို့တော်စီမံချက်ဖြင့် သန့်ရှင်းသာယာလှပလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ် ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အမျိုးသမီး အသင်းအုပ်ချုပ်သူ၊နည်းပြများနှင့် ကစားသမားများအားရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် က ကျန်းမာ‌ရေးအထူးဂရုစိုက်ကြရေး၊ အားကစားသမားကောင်းများရှိရမည့် ဇွဲ၊ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်၍ ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအဖြစ် စွမ်းဆောင်နိုင်ရေး အားပေးတိုက်တွန်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လေဆိပ်ဝင်းအတွင်း စည်ပင်သာယာရေးအဖွဲ့မှ မြေယာ ရှုခင်းပြုပြင်၍ ပန်းခြံငယ်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပန်းပင်များ ထပ်မံ စိုက်ပျိုးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ လေဆိပ်ဧရိယာအတွင်း ကားပါကင်နေရာနှင့်လေဆိပ် ရှေ့မြေကွက်လပ်တွင် ပန်းပင်များ၊ မြက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်သို့လာရောက်လည်ပတ်သူများ အစကနဦးမြင်တွေ့ရမည့် နေရာဖြစ်သဖြင့် အစဉ်အမြဲ သန့်ရှင်းသာယာလှပနေစေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုလမ်းမဘေး၊ အောင်စေရန်အောင်ဘုရားအနီး လမ်းဆုံနေရာတွင် Welcome To Myitkyina ဆိုင်းဘုတ်အလှဆင်ဆောင်ရွက်ထားရှိမှု၊ ပန်းမြို့တော်စီမံကိန်းဖြင့် မေခ ဥယျာဉ်ငယ်အဖြစ် မြေယာရှုခင်းအဆင့်မြင့်တင်၍ အလှပန်းပင်များဖြင့်ပုံဖော်စိုက်ပျိုးထားရှိမှု၊ မီးတိုင် စိုက်ထူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ We Love Myitkyina ဆိုင်းဘုတ်တွင် အများပြည်သူစိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရေး ပန်းခြံငယ်ဆောင်ရွက် နေမှု၊ ဆိုင်းဘုတ်အား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ထိုမှတစ်ဆင့် စီတာပူရပ်ကွက် မနောကွင်းသို့ သွားရောက်ပြီး အများပြည်သူ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်နေမှုများ၊ မိသားစုများ အစုအဖွဲ့အလိုက် အပန်းဖြေအနားယူနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ အပန်းဖြေနေရာ များတွင် သန့်ရှင်းသပ်ရပ်၍ သစ်ပင်ပန်းမံများဖြင့် စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုတွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။