ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေစင်ရွှေသား၊ ‌ရွှေသင်္ကန်းအသစ်တဖန်ကပ်လှူပူဇော်မည်

 ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေစင်ရွှေသား၊ ‌ရွှေသင်္ကန်းအသစ်တဖန်ကပ်လှူပူဇော်မည်

မြစ်ကြီးနား     သြဂုတ် ၂၁

          ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ် တွင် တည်ထားကိုးကွယ်ခဲ့သည့်အပြင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ထီးတော်တင်လှူခဲ့သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းတော် တစ်ဖန်ကပ်လှူနိုင်ရေး သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

          အဆိုပါ ရွှေမိုးတောင်စေတီမြတ်ကြီးကို မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီး၊ စေတနာအလှူရှင်များ စုပေါင်းပါဝင်ကုသိုလ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် ရွှေသင်္ကန်းတော်ကို အများကြည်ညိုသပ္ပါယ်ဖွယ် ဖူးမြှော်နိုင်ရေး ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၅ နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရာသီ ဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့် ရွှေသင်္ကန်းရောင်များ မှေးမှိန်လျက်ရှိသဖြင့် အသစ်တဖန်ရွှေသင်္ကန်း ကပ်လှူရန်လိုအပ်လာပြီဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကုသိုလ်စိတ်စေတနာအပြည့်ဖြင့် ပူးပေါင်းကုသိုလ်ယူဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်က စေတီတော်ကြီး ရွှေသင်္ကန်ကပ်လှူနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြား သည်။

ထို့အပြင် ရွှေမိုးတာင်စေတီတော်ကြီး ရွှေသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပါက ရွှေဆိုင်းပညာ ရှင်များ၏ တွက်ချက်မှုအရ ကာလတန်ဖိုးငွေကျပ် သိန်းငါးထောင်ခန့် ကုန်ကျနိုင်မည်ဖြစ်သော်လည်း စေတီတော်ကြီး၏ လက်ရှိ ရွှေသင်္ကန်းများကို ရွှေမိုက်ချရာမှ ပြန်လည်ရရှိမည့် ငွေနှင့် လက်ရှိဘဏ္ဍာ တော်အလှူငွေကျပ်အားဖြင့် စုစုပေါင်း ကျပ်သိန်း ၂၅၀၀ ခန့်ရှိပြီးဖြစ်သည့်အတွက် ကျန်ငွေကျပ်သိန်း ၂၅၀၀ ခန့်ကို အများပြည်သူအားလုံး ပူးပေါင်းပါဝင်ကုသိုလ်ယူဆောင်ရွက်နိုင်ရေးအတွက် ဆောင် ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ စေတီတော်ကြီးဂေါပကအဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။