ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပို့ကုန်/ သွင်းကုန်များနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပို့ကုန်/ သွင်းကုန်များနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၇

          ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ကုန်စည်တင်ပို့ရာတွင် ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်သီးနှံ ပို့ကုန်များနှင့် သီးနှံထုတ်ပိုး သည့် သွင်းကုန်ပစ္စည်းများအတွက် ကုန်စည်စီးဆင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်မှ ထွက်ရှိ သည့် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့်အပြင် စိုက်ပျိုးရေးသုံး ပစ္စည်းသွင်းကုန်များ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း တရုတ်နိုင်ငံမှ သွင်းကုန် အဖြစ် တင်သွင်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် စိုက်ပျိုးရေးသီးနှံ ပို့ကုန်အမယ်သစ်များ အပါအဝင် ရှောက်ကောသီးနှံတိုးချဲ့တင်ပို့နိုင်ရေး ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး လေးစားလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တရားမဝင်ဂိတ်များကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ထို့ကြောင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုလွယ်ကူကောင်းမွန် စေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအပေါ် ပွင့်ပွင်းလင်းလင်းဆွေးနွေးဆောင် ရွက်သွားရန်လိုကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်စည် စီးဆင်းမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ရေး စစ်ဆေးဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ ပို့ကုန်/ သွင်းကုန်များနှင့် စပ်လျဉ်း၍ အလေးထား လိုက်နာဆောင်ရွက်ရမည့် အမိန့်ညွှန်ကြားချက်များကို လည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်းနှင့် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိ သူများက ပို့ကုန် သွင်းကုန်များ၊ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေး ရမည့် လိုအပ်ချက်များကို လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုလွယ် ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။