ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရေး  လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၅

          ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် မြန်မာ-တရုတ်ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာစနစ်တ ကျဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောာက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်စည်စီးဆင်း မှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စီးဆင်းနိုင် မှသာလျှင် စိုက်ပျိုးရေးထုတ်ကုန်များ သာမက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများ အားလုံးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပုံမှန် အတိုင်း ပြန်လည်စီးဆင်းနိုင်‌ရေး၊ စနစ်တကျဖြင့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။    

          ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ကော်မတီအဖွဲ့ ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသွားရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်စီမံထားရှိမှုအခြေအနေများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးကြပြီး တက် ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ခံများနှင့် နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိ သူများက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်နှစ်များတွင် တွေ့ ကြုံရသည့် အားနည်းချက်/အားသာချက်များ၊ ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ တစ်ဖက်တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုအခြေအနေများ၊ ကုန်တင်/ပို့ယာဉ်များ ဝင်/ထွက် သွားလာမှုအတွက် ကြပ်မတ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းနှင့် အုပ်ချုပ် ကြီးကြပ်မှုလုပ်ငန်းကို စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးခရိုင် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရေး တာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း ဆောင်ရွက်ပေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်အတွင်း ပါဝင်ပတ်သက်သူ များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပြီးစီးရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် မိမိနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရေးနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အမြန်ဆုံး စတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။