ကချင်ပြည်နယ်အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေး ဒါရိုက်တာအဖွဲ့ဝင်များနှင့် ကုမ္ပဏီတည်ထောင်ဖွဲ့စည်းခြင်းများ ကော်မတီအဖွဲ့ဝင်များက အတည်ပြုဆုံးဖြတ်

 ကချင်ပြည်နယ်အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေး ဒါရိုက်တာအဖွဲ့ဝင်များနှင့် ကုမ္ပဏီတည်ထောင်ဖွဲ့စည်းခြင်းများ ကော်မတီအဖွဲ့ဝင်များက အတည်ပြုဆုံးဖြတ်

မြစ်ကြီးနား     အောက်တိုဘာ ၄

          ကချင်ပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်  ပြည် နယ်၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အတွင်း အများပိုင် ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေး ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခြင်း၊ ကုမ္ပဏီဖွဲ့စည်းထည် ထောင်ခြင်းနှင့် အဖွဲ့ဝင်များ အတည်ပြုဆုံးဖြတ်ခြင်းကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များက  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေးအတွက် ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေး၊ ဒေသအလိုက် အားသာချက်ရှိသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့အနေဖြင့် ပြည်နယ်အတွင်း အများပိုင်     ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လို ကြောင်း၊ ထို့ကြောင့် ဒေသခံလုပ်ငန်းရှင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် စက်ရုံဖြစ် မြောက်ရေးအတွက် ကနဦးလိုအပ်သည့် ကုမ္ပဏီတည်ထောင်နိုင်ရေးကို ဆွေး‌နွေးဆုံးဖြတ်သွားရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထိုနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများက ဘိလပ်မြေစက်ရုံတည်ထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်စေရေး အကြံပြု သုံးသပ်ဆွေးနွေးတင်ပြကြပြီး ကော်မတီအဖွဲ့ဝင် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များက ဘိလပ်မြေစက်ရုံတည် ထောင်နိုင်ရေးအတွက် လိုအပ်သည့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်နိုင်ရေး ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်သတ်မှတ်နိုင်ရေးနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်နိုင်ရေး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျှောက်ထားပြီး ကုမ္ပဏီမှတ်ပုံတင်ရရှိရေး၊ ရှေ့လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ အစုရှယ်များ ဖိတ်ခေါ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် ပွင့်လင်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကုမ္ပဏီတည်ထောင်သွားမည့် ကိစ္စရပ်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ ရွေးချယ်သတ်မှတ်ခြင်း၊ ကုမ္ပဏီဖွဲ့စည်းပုံတွင် အဆင့်အလိုက် ပါဝင်သူများ၏ အမည် စာရင်းကို ကော်မတီအဖွဲ့ဝင်များ၏ သဘောထားဖြင့် အတည်ပြုဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။