မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများ အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ် နိုင်ရေး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်

 မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများ အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ် နိုင်ရေး အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ကိုဗစ်-၁၉ ကာလအတွင်း ဝါဆိုဆရာတော်များအား ဆွမ်း၊ ကွမ်းအခက်အခဲ မဖြစ်စေရေးအတွက် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။

          လှူဒါန်းပွဲတွင် ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါး သီလခံယူဆောက်တည်ကြပြီး တရားတော်များနာယူကာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၁၀ ကျောင်းတို့အတွက် ပြည်နယ် အစိုးရအဖွဲ့မှ (၅)ပြည်ဝင် ဆန်အိတ် ၂၀၀ နှင့် ဝတ္ထုငွေကျပ် ၁ သိန်းတို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဆန်အိတ် ၁၀၀ ၊ ကုလားပဲ ပိဿာ ၁၀၀၊ ဆီပိဿာ ၁၀၀၊ ဆား ၁၀ အိတ်၊ ကြက်သွန် ၃၅၀ ပိဿာ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံကျောင်းတိုက်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားတင်ပြကြပြီး ကျောင်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန် ၁၀ အိတ်နှင့် ဝတ္ထုငွေ ကျပ် ၃ သိန်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန် ၁၀ အိတ်၊ ကုလားပဲ ၁၀ ပိဿာ၊ ဆီ ၁၀ ပိဿာ၊ ကြက်သွန် ၃၅ ပိဿာ၊ ကြက်ဥအလုံး ၂၀၀၊ နှာခေါင်းစည်း Mask နှင့် Hand Gel  တို့နှင့် ဝတ္ထုငွေ ကျပ် ၁ သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်‌ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အတွင်း အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းအပ်နှံထားရှိသည့် ၅၆၈၃၇ ဦးတို့ အား ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ထားရှိပြီး ဆေးထိုးရာတွင် ကျောင်းသား/ကျောင်းသူများ မကျန်ရှိအောင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးဖြင့် ပူးပေါင်း ချိတ်ဆက်၍ အလေးထားဆောင်ရွက်သွားရေး တိုက်တွန်းမှာကြားသည်။

          ယင်းနောက် တိုင်းမှူးက ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားခဲ့မှုအခြေအနေ များနှင့် ပတ်သက်၍  ခရိုင်၊ မြို့နယ်အလိုက် ဖြစ်ပွားမှုအခြေအနေများ၊ ကျောင်းသား/ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးရာတွင် တပ်မတော်မှ ပူးပေါင်း‌ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ ကို ဆွေးနွေးပြောကြားသည်။

          ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင် က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ခွဲတမ်းရရှိမှု၊ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအခြေ အနေများနှင့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ပြည်နယ်ပညာ‌ရေးမှူးက ယခုနှစ်အတွက်အခြေခံပညာကျောင်းများတွင် အထက်တန်းနှင့် အလယ်တန်းအဆင့်အတွက် ကျောင်းသားလက်ခံထားရှိမှု အရေအတွက်နှင့် ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်‌ရေးဆွဲဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။

          ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် မြစ်ကြီးနားခရိုင် ကော်မတီ ဥက္ကဋ္ဌ၊ မြစ်ကြီး နားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကော်မတီဥက္ကဋ္ဌတို့က ခရိုင်နှင့်မြို့နယ်များအလိုက် ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများ၊အခြေခံပညာကျောင်းများတွင်ကာကွယ်ဆေးထိုးအစီအစဉ်အတွက် စုရပ်များ ကြိုတင်သတ်မှတ်ထားရှိမှု၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု‌ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအ တွက် အထက်တန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးလုပ် ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အဖွဲ့အစည်းအသီးသီးဖြင့် ပူးပေါင်းချိတ်ဆက်ဆောင် ရွက်သွား‌ရေးနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။