ပြင်ဦးလွင်၊ နိုဝင်ဘာ ၂၂
ကခငွပြှညနြယအြစိုးရအဖှဲ့၏ လမြးညှှနမြှုဖှင့ြ ပှညနြယအြစိုးရအဖှဲ့ဝငြ တိုငြးရငြးသားရေးရာဝနကြှီး ဦးကွောမြငြးခိုငသြညြ မနျတလေးတိုငြးဒသကှေီး၊ ပှငြဦးလှငခြရိုငြ၊ ပှငြဦးလှငမြှို့နယအြတှငြး ဗနြးမောခြရိုငအြတှငြးမှ နယမြှအခှေအနေအရေ ထှကပြှေးတိမြးရှောငြ၍ ယာယီခိုလှုံနထေိုငလြကွရြှိသော နရပေစြှန့ခြှာပှညသြူမွားအား နိုဝငဘြာ ၂၂ ရကြ နံနကပြိုငြးက မှို့လယရြှှစညြေးခုံကွောငြးတိုကြ၊ ဆကေိနျဒာရာမရှှကွေောငြးတိုကနြှင့ြ သီရိမငြျဂလာကွောငြးတိုကတြို့ရှိ ဓမျမာရုံအသီးသီးတို့တှငြ သှားရောကတြှေ့ဆုံအားပေးကာ အိမထြောငစြုမွားအတှကြ အခှခေံစားသောကကြုနမြွား ထောကပြံ့ပေးအပခြဲ့သညြ။
အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးက မိမိတို့ ပြည်နယ်အတွင်းမှ အခြေအနေအရပ်ရပ်ကြောင့် ပြောင်းရွေ့နေထိုင်သည့် မိသားစုများအားလုံးကို ပြည်နယ်တွင်း၌ သော်လည်းကောင်း၊ တခြားတိုင်းဒေသကြီးများတွင်လည်းကောင်း ယာယီခိုလှုံနေထိုင်မှုများအတွက် အိမ်ထောင်စုများအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့နိုင်ရေး စီမံထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေး နိုင်ရေး လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများမှ ၎င်းတို့၏ လိုအပ်ချက် များကို အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် ဗန်းမော်ခရိုင်စားအုန်း ဆီကိုယ်စားလှယ်၊ အလှူရှင် ဦးမြဝင်းထွန်း တို့က အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၆၀ သား ၁ ဗူး၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ ၁ ဗူး တို့ဖြင့် အိမ်ထောင်စု ၇၈၀ စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ၍ သီတင်းသုံးနေထိုင်လျက်ရှိသော ဆရာတော် / သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား န၀ကမ္မ အလှူငွေ ၁၆ သိန်းနှင့် ဆေးပဒေသာပင် အတွက် ၁၀ သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် သီရိမင်္ဂလာကျောင်းတိုက်အတွင်း အိမ် ထောင်စုများ ယာယီနေထိုင်နိုင်ရေးအတွက် ရွက်ဖျင်မိုးကာတဲများ ဆောက်လုပ်နေရာချထားပေးနေမှု ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။



