ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဝိုင်းမော်မြို့နယ် သန့်ရှင်းသာယာလှပရေး ကွင်းဆင်း စစ်ဆေး၊ ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်၊ နန်ကျင်အမှိုက်ကျင်း မိုးတွင်းကာလအတွင်း အမှိုက်သယ်ယာဉ်များ သွား လာရန် လွယ်ကူစေရေးအတွက် ကွင်းဆင်းစစ်ဆေး
ဝိုင်းမော် မေ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ဝိုင်းမော်မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့ နံနက် ၉ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ရပ်ကွက်(၁)ရှိ မြို့ဝင်ဆိုင်းဘုတ်မြေယာရှုခင်း၊ စည်းလုံးခြင်းရုပ်ထုမြေယာရှုခင်း၊ Waingmaw Riverview မြေယာရှုခင်း၊ ဧရာမော်ပန်းခြံနှင့် ရပ်ကွက်(၄)သာဂရဘုန်းတော်ကြီး ကျောင်းရေကန်ဘေးရှိ မြေယာရှုခင်းတို့တွင် အရိပ်ရပန်းပင်များနှင့် အလှပန်းပင်များစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဝိုင်းမော်-ဝါးရှောင်သွားလမ်းဘေး လော်ဝေါ်ရိုးရာမနောကွင်းရှေ့ မြောင်း အရှည်(၁၇၅၀)ပေရှိ မြေသား ရေနှုတ်မြောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် တိုးချဲ့ပြင်ဆင်တူးဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း…