ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံဖြိုးတိုးတက်စေရေးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံဖြိုးတိုးတက်စေရေးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဗန်းမော်         သြဂုတ် ၁

          ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ စိုက်ခင်းများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများ နှင့်အတူ ဇူလိုင် ၃၁ ရက်က  ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နံနက် ၈ နာရီတွင် ဗန်းမော်မြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့် မံရေးကျေးရွာရှိ ကွင်းအမှတ်(၁၅၄) ဦးပိုင်အမှတ်(၄) တောင်သူ ဦးဇော်လင်းအောင်၏ လယ်၌ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၉၀)စက်မှုလယ်ယာစခန်း (ဗန်းမော်မြို့)က ကောက်စိုက်စက်ဖြင့် တောင်သူအသိပညာပေး မိုးစပါးသရုပ်ပြစိုက်ပျိူးပွဲသို့ ဒေသခံတောင်သူများနှင့် အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး၏ ကောက်စိုက်စက်အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ဆောင်းသီးထပ်သီးနှံအဖြစ် နေကြာစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများ အတွက်  ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ သဘာဝဓာတ်မြေသြဇာများနှင့် ထောက်ပံ့ငွေများကို ပေးအပ် ခဲ့ကြသည်။

          ယင်းနောက် အဆိုပါစိုက်ဧကအနီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သော တောင်သူ(၁၅၀)ဦးတို့၏ လယ်ယာမြေ (၈၀၀)ဧကအတွက် ရာသီမရွေးသွားလာနိုင်ရေး ကုန် ထုတ်လမ်းခင်းခြင်းနှင့် သစ်သား တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ မံရေးကျေးရွာမြစိမ်းရောင်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ကျေးရွာနေပြည် သူလူထုနှင့် တွေ့ဆုံ၍ ခေတ်မီစံပြကျေးရွာ(Smart Village) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အစီ အစဉ်များ ရှင်းလင်းခြင်းနှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား မံရေးကျေးရွာကို ခေတ်မီစံပြကျေးရွာအဖြစ် ထည်ထောင်ရာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများသာမက ကျေးရွာသူ/ ရွာသားများအားလုံးက ပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဗန်းမော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မံရေးကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများစီမံကိန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်သမဝါယမ ဦးစီးမှူးက ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီပေးလျက်ရှိသည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀၊ Cash for Work စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ရေး လုပ်ငန်းစီမံကိန်းအတွက် ငွေကျပ်သိန်း ၃၀၀  တို့ကို ကျေးရွာ စီမံကိန်းလုပ်ငန်းကော်မတီများထံ လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ကျော်ထွန်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တစ်နိုင်တစ်ပိုင် လက်မှုကုန်ထုတ်လုပ်ငန်းပံ့ပိုးငွေ တောင်သူ(၂၃)ဦးအတွက် ငွေကျပ် ၆၉ သိန်းကို ကျေးရွာသမဝါယမအသင်းသို့ လည်းကောင်း ပေးအပ်ကြရာ မံရေးကျေးရွာကော်မတီဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် မံရေးကျေးရွာအတွင်း Cash for Work စီမံကိန်းရန်ပုံငွေဖြင့် ပေ ၃၀၀၀ အရှည် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရွာတွင်းလမ်းအရှည်ပေ ၆၀၀ အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။  

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မံရေးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကလေးငယ်များအတွက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မိခင်ဝိုင်း ဆောင်ရွက်ပေးနေမှု၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးရွာအတွင်းရှိ အမျိုးသမီး များအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားပေးနေမှု တို့အား ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုမှတဆင့် နမ့်ဖားကျေးရွာ မိုးစပါးစံပြစိုက်ကွက် ဧက ၅၈၃ ဧကအတွင်း သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံနေကြာပင်စိုက်ပျိုးနိုင်ရေး၊ နေကြာစံပြစိုက်ကွက် စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများ နှင့် ရင်းရင်းနှီးနှီးစည်းရုံးဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် သဘာဝမြေဆွေးဓာတ်မြေဩဇာအိတ်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

 ထို့နောက် နမ့်ဖားဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးကြောင့် နွေစပါးသီးနှံပျက်စီးဆုံးရှုံး ခဲ့သည့် တောင်သူများအား ဓာတ်မြေဩဇာနှင့် စပါးမျိုးသန့်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ ရှမ်းတိုင်းရင်းသားမောင်မယ်များက ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးခဲ့ကြပြီး အကအဖွဲ့အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က စနစ်တကျသီးနှံစိုက်ပျိုးရေးခြင်းဖြင့် တောင်သူ များအားရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် သီးထပ်သီးနှံနေကြာစိုက်ပျိုးသွားရေး ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နွေစပါးသီးနှံပျက်စီးဆုံးရှုံးသွား သော ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်အတွင်းရရှိတောင်သူများအတွက် စပါးမျိုးစေ့(၁၁၉)တင်း နှင့် ဓာတ်မြေဩဇာ(၁၁၉)အိတ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ နမ့်ဖားဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအတွက် လှူဒါန်းသည့် ကျောင်းဝတ်စုံ (၅၀)စုံနှင့် ဗလာစာအုပ် ဒါဇင်(၅၀)တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက ကျေးရွာများဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဗန်းမော်အကျဉ်း‌ထောင်သို့ သွားရောက်ပြီး အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဘိုနောင်နှင့် အကျဉ်းထောင်တာဝန်ရှိသူများက အကျဉ်းထောင်ဆိုင်ရာကိစ္စရပ်များကို တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က သိရှိလိုသည်များ မေးမြန်းဖြည့်စွက်ဆွေးနွေးခဲ့ကြကာ အကျဉ်းထောင်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စား သောက်ဖွယ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အကျဉ်းထောင်အတွင်း အကျဉ်းသား/အကျဉ်းသူ အိပ်ဆောင်များ၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်း နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ခရိုင်/မြို့နယ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်အတွင်း ဆီစားသုံးမှုဖူလုံစေ‌ရေးအတွက် နေကြာသီးနှံကို ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲပြီး ခရိုင်/မြို့နယ်များအလိုက် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများပါဝင်သည့် ကျေးရွာအဆင့်ထိ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်ခရိုင်အတွင်း နေကြာသီးနှံ ဧကပေါင်း ၂၂၀၀ ဧကကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ပါအတိုင်း နေကြာသီးနှံစိုက်ပျိူးရေးဇုံများ သတ်မှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက စီမံချက်ရေးဆွဲပြီး လျာထားစိုက်ပျိုးသွားမည့် အစီအမံများ၊ တောင်သူများ အသိပညာပေးစည်းရုံးဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုးထုတ်ကုန်များ ကြိတ်ခွဲနိုင်ရေး ကြိတ်စက်ဝယ်ယူတည်ထောင်သွားမည့် အစီအစဉ်များ၊ ထွက်ကုန်များကို သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ဖြန့်ဖြူးရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (၃)ခုမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗန်းမော် တက္ကသိုလ်ဘာသာရပ်အလိုက် အမျိုးသား၊ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ပထမ၊ဒုတိယနှင့်တတိယ ဆုအသင်းများနှင့် အကောင်းဆုံးကစားသမားများ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ နှင့် အကောင်းဆုံးကစားသမားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ တက္ကသိုလ်(၃)ခုမှ ကျောင်းသူလေးများ၏ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအား ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်များအတွက် ထောက်ပံ့ငွေများနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။