ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်သည့် မိုးမောက်- ကျောက်စခန်း-စိန်လုံ- လွယ်ဂျယ်လမ်း ဆောင်ရွက်ပြီးစိးရေးနှင့် ဗန်းမော်မြို့ဈေးများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်သည့် မိုးမောက်- ကျောက်စခန်း-စိန်လုံ- လွယ်ဂျယ်လမ်း ဆောင်ရွက်ပြီးစိးရေးနှင့် ဗန်းမော်မြို့ဈေးများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ဗန်းမော်         သြဂုတ် ၂

          ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက လမ်းမကြီးဖြစ်သည့် မိုးမောက်- ကျောက်စခန်း- စိန်လုံ- လွယ်ဂျယ်လမ်း (၃၇)မိုင် (၄)ဖာလုံအား ဖော် လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် လမ်းဦးစီးဌာနတာဝန်ရှိသူများ၊ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် သြဂုတ် ၁ ရက်၊ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          ထို့သို့ တွေ့ဆုံရာတွင် လမ်းဖော်လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရ ရှိရေးအတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း အရှိန်အဟုန်မပျက် စီးဆင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိုးမောက် – လွယ်ဂျယ်လမ်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အတွင်း မြန်မာ – တရုတ်ကုန်စည်စီးဆင်းရာတွင် အဓိကလမ်းကြောင်း တစ်ခုဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ချိန်အတွင်း အမြန်ဆုံးပြီးစီးအောင် မဖြစ်မနေ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လမ်းဖောက်လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် လိုအပ် ချက်၊ အခက်အခဲများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီပေးနိုင်ရေး ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် လမ်းဖောက်လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်မည့် ဟုန်ရှင်းကျန်းဘဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ ဒါရိုက်တာဦးမောင်ချင်းက BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံအင်ဂျင်နီယာက မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်း (၄၇)မိုင်(၄)ဖာလုံလမ်းပိုင်းအတွင်း လမ်းစီမံကိန်း အကြိုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လမ်းနယ်အတွင်း ပါဝင်သွားသော မြေယာ သီးနှံပင်များအတွက် လျော်ကြေးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  မိုးရာသီကာလအတွင်း လမ်းကြောင်း ပြတ်တောက်မှုမရှိစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစာချုပ်ပါအတိုင်း ပြီးစီး အောင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်၊ အခက်အခဲများကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ လမ်းပိုင်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း လွယ်ဂျယ် မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ခရိုင်၊ လုံချွမ်ခရိုင်ခွဲ၊ ကျန်းဖုန်းမြို့ထိ ဆက်သွယ်ထား သော လမ်းကြောင်း တစ်ခုဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာ အဓိက ကျသည့် လမ်းကြောင်း တစ်ခုဖြစ်ပြီး လမ်းပိုင်း ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာနနှင့် ကုမ္ပဏီတို့အကြား ၂၀၂၂ ခုနှစ် ဧပြီလ (၇)ရက်နေ့တွင် BOT လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကာလမှာ (၃)နှစ်ဖြစ် ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ဗန်းမော် မြို့ပေါ် အမှတ်(၁) သီရိရတနာဈေး၊ အမှတ် (၂)ဈေးနှင့် ကုက္ကိုတောဈေး (၃)ဈေးနှင့် ပျံကျဈေးများ သန့်ရှင်းသာယာလှပရေး၊ ပြုပြင်တိုးချဲ့တည်ဆောက်သွားမည့် လုပ်ငန်းများ၊  အမှတ် (၂)ဈေးအား မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်ဈေးအဖြစ် ပြုပြင်တည်ဆောက်ပေးနိုင်ရေး စသည့် ကိစ္စရပ်များနှင့် စည်ပင်သာယာအဖွဲ့မှ ဗန်းမော်မြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း အိမ်ရာတည်ဆောက်ပေးနိုင်ရေး၊ လုပ်ငန်းသုံး ယာဉ်၊ ယန္တရားလိုအပ်ချက်များနှင့်  စပ်လျဉ်း၍ တင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တိုးတက်ဖွံ့ဖြိုးလာသည့် မြို့အင်္ဂါရပ်နှင့်အညီ ဈေးများ သန့်ရှင်းသာယာလှပရေးအတွက် အဆင့်မြှင့်တင်၊ ပြုပြင်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။